ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း

 

(၉-၇-၂၀၂၄)၊ ည (၁၀:၀၀)နာရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ        မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာ အချို့  ဆေးရုံတက်ရောက်မှုများနှင့် ပတ်သက်၍  ကျန်းမာရေး ဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏  ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်း အဖွဲ့များသည်  ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား   ဆောင်ရွက်လျက်ရှိရာ  (၉-၇-၂၀၂၄)  ရက်နေ့၊  နံနက် (၆:၀၀)နာရီ မှ ညနေ (၆:၀၀) နာရီအထိ  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ  လူနာသစ် (၆၄) ဦးရှိခဲ့ပြီး  ၎င်းတို့အနက် (၇) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာ များဖြစ်ကြောင်းနှင့်  လူနာအားလုံး၏အခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၉-၇-၂၀၂၄)ရက်  နေ့၊  ညနေ  (၆:၀၀) နာရီအထိ    ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော     လူနာ   စုစုပေါင်း (၁၃၀)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားမှုမှာ စတင် လျော့ကျလျက်ရှိကြောင်းနှင့်  ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန