
(၁၀-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်း အဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အား ဆောင်ရွက်လျက်ရှိရာ (၉-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀) နာရီမှ (၁၀-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀) နာရီ အထိ (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာသစ် (၁၁၅) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၂၂) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ လူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၁၀-၇-၂၀၂၄) ရက်နေ့တွင် ရောဂါသက်သာပျောက်ကင်းသည့် လူနာ (၈၇)ဦးအားဆေးရုံမှဆင်းခွင့်ပြုခဲ့သဖြင့် (၁၀-၇-၂၀၂၄)ရက်နေ့၊ ညနေ (၆:၀၀)နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြင့် ဆေးရုံတက်ရောက်ခဲ့သောလူနာစုစုပေါင်း (၂၁၇) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန