ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း

 

(၁၂-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ      မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ  လက္ခဏာများဖြင့် လူနာအချို့ဆေးရုံ တက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့်   ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏  ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များ သည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက် လျက်ရှိရာ    (၁၁-၇-၂၀၂၄) ရက်နေ့၊   ည (၆:၀၀)နာရီမှ (၁၂-၇-၂၀၂၄)ရက်နေ့၊ ည (၆:၀၀)နာရီအထိ (၂၄)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   ဆေးရုံများတွင်  ဝမ်းပျက် ဝမ်းလျှောရောဂါဖြင့်  ဆေးရုံတက်ရောက်ကုသသူ  လူနာသစ် (၁၀၄)ဦး ရှိခဲ့ပြီး ၎င်းတို့အနက် (၁၂)ဦးမှာ  ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသူ   လူနာများဖြစ်ကြောင်းနှင့်  လူနာ အားလုံး၏အခြေအနေမှာ     သက်သာကောင်းမွန်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။

(၁၂-၇-၂၀၂၄)ရက်နေ့တွင် ရောဂါ သက်သာပျောက်ကင်းသည့်    လူနာ (၁၁၄) ဦးအား   ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် (၁၂-၇-၂၀၂၄)ရက်နေ့၊  ညနေ (၆:၀၀)နာရီအထိ  ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့်  ဆေးရုံတက်ရောက် ခဲ့သော  လူနာစုစုပေါင်း (၃၆၄)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။   ရန်ကုန်တိုင်းဒေသကြီးအတွင်း   ဝမ်းပျက် ဝမ်းလျှောရောဂါ    ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား      ဆက်လက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။          

ကျန်းမာရေးဝန်ကြီးဌာန