
(၁၃-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာ များဖြင့် လူနာအချို့ဆေးရုံတက်ရောက်မှုများ နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိရာ (၁၂-၇-၂၀၂၄) ရက်နေ့၊ ည (၆:၀၀)နာရီမှ (၁၃-၇-၂၀၂၄)ရက်နေ့၊ ည (၆:၀၀)နာရီအထိ (၂၄)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၇၂)ဦးရှိခဲ့ ပြီး ၎င်းတို့အနက် (၁၉) ဦးမှာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ကြောင်း နှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၁၃-၇-၂၀၂၄) ရက်နေ့တွင် ရောဂါသက်သာ ပျောက်ကင်းသည့်လူနာ (၉၁)ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် (၁၃-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀)နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း (၄၅၅) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန