
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံ တက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာ ရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှု နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်း အဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၇-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀)နာရီမှ (၁၈-၇-၂၀၂၄)ရက်နေ့၊ ညနေ(၆:၀၀)နာရီအထိ (၂၄)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက် ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ လူနာသစ် (၈၁)ဦးရှိခဲ့ပြီး ၎င်းတို့ အနက် (၄)ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ လူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၁၈-၇-၂၀၂၄)ရက်နေ့တွင် ရောဂါသက်သာ ပျောက်ကင်းသည့်လူနာ (၉၁)ဦးအား ဆေးရုံ မှဆင်းခွင့်ပြုခဲ့သဖြင့် (၁၈-၇-၂၀၂၄)ရက်နေ့၊ ညနေ (၆:၀၀)နာရီအထိ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သောလူနာစုစုပေါင်း (၈၈၃)ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီး ဖြစ်ပါသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန