
(၁၉-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်း အဖွဲ့များသည် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၈-၇-၂၀၂၄) ရက်နေ့၊ ညနေ(၆:၀၀)နာရီမှ (၁၉-၇-၂၀၂၄)ရက်နေ့၊ ညနေ(၆:၀၀)နာရီအထိ (၂၄)နာရီ အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၅၄)ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၇)ဦးမှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။ (၁၉-၇-၂၀၂၄)ရက်နေ့တွင် ရောဂါ သက်သာပျောက်ကင်းသည့်လူနာ (၈၄)ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန