ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ် သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Ecstasy-အက်တက်စီ(ခေါင်းခါဆေး)နှင့် Ketamine-ကက်တမင်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်    ၃


ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင်  ငွေကျပ်သိန်း ၁၇၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့်  Ecstasy-အက်တက်စီ  (ခေါင်းခါဆေး)နှင့်                        Ketamine-      ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ  သိရသည်။

 


ဖြစ်စဉ်မှာ   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၂၅ ရက်   မွန်းလွဲ ၂   နာရီခွဲတွင်   ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ဆရာစံ ရပ်ကွက်ရှိ ဟိုတယ်အခန်းအမှတ် (၅၀၉)ကို သတင်းအရရှာဖွေရာ နိုင်လွင်နှင့် ဟိန်းသူစိုး(ခ)Shake တို့နှစ်ဦးအား Ecstasy-အက် တက်စီ (ခေါင်းခါဆေး)ဆေးပြား ၅၀၊ Ketamine-    ကက်တမင်း ၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၇ နာရီတွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူး ရောင်းချသူ ထက်အောင်ဝေ(ခ)Jason  ကို    ရန်ကင်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ   ဟိုတယ် ကားပါကင်၌        Chevrolet မော်တော်ယာဉ်နှင့်အတူ Ecsta-sy-အက်တက်စီ (ခေါင်းခါဆေး)ဆေးပြား ၄၀၀၀၊   Ketamine-ကက်တမင်း ဂရမ် ၁၇၀၊  Happy Water (စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်) ၇ ဂရမ်စီ ပါ အထုပ် ၇၀ နှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊   သတင်း ကွင်းဆက်အရ မေ ၂၆ ရက် နံနက် ၇   နာရီတွင်     ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ စားသောက်ဆိုင်ပိုင်ရှင် ကောင်း စစ်(ခ)ကိုစစ် ကို       Ketamine-ကက်တမင်း ၀  ဒသမ ၂ ဂရမ်၊ Ecstasy-အက်တက်စီ (ခေါင်းခါ ဆေး)ဆေးပြားတစ်ပြား၊ Happy Water(စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်) ၁၅ ဂရမ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း     ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၇၀၀ ကျော် တန်ဖိုး ရှိ Ecstasy-အက်တက်စီ (ခေါင်းခါ ဆေး)  ဆေးပြား   ၄၀၅၁  ပြား၊ Ketamine-ကက်တမင်း ၁၇၃ ဒသမ ၂ ဂရမ်၊ Happy Water (စိတ်ပြောင်းဆေးဝါးများ ရောစပ် ထားသောအမှုန့်) ၄၉၇ ဂရမ်တို့ ဖမ်းဆီးရမိခဲ့ကြောင်း၊  စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Ecstasy-အက်တက်စီ (ခေါင်းခါ ဆေး) တစ်ပြားလျှင်      ငွေကျပ် ခြောက်သောင်း၊   Ketamine-ကက်တမင်း           တစ်ဂရမ်လျှင် ငွေကျပ် ခြောက်သောင်း၊ Happy Water (စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့်) ခုနစ် ဂရမ်ပါ တစ်ထုပ်လျှင်   ငွေကျပ်  ရှစ်သောင်းနှုန်းဖြင့်   KTV  နှင့် Entertainment/ Bar/ Club များတွင်     လာရောက်ကြသည့် လူငယ်များကို ဖြန့်ဖြူးရောင်းချ ခြင်းဖြစ်ကြောင်း   သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး        ကွင်းဆက်ပြစ်မှု ကျူးလွန်သူများနှင့်  အလားတူ လူငယ်များ  အန္တရာယ်ဖြစ်စေနိုင် သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများ ဖြန့်ဖြူး       ရောင်းချမှုများကို ဆက်လက်စစ်ဆေး  ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်