
နေပြည်တော် မတ် ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ် တလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ် မတ် ၂၃ ရက် ညပိုင်းတွင် လမ်းမတော်မြို့နယ် ဆေးတက္ကသိုလ်(၁) ဝန်ထမ်းအိမ်ရာ၌ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံများအား အကြမ်းဖက်ဖောက်ခွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိသူ စည်သူရှိန် (၃၈)နှစ် နှင့်အတူ မြတ်မြတ်ခိုင်(၅၇) နှစ်၊ ရဲလွင်ရှိန်(၃၁)နှစ်၊ သက်အောင်ရှိန်(၂၉)နှစ်၊ မင်းချမ်းမွန်(၂၀)နှစ်တို့ကို လက်လုပ်မိုင်း သုံးလုံး၊ လက်ကိုင်ဖုန်း ခြောက်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စည်သူရှိန်၏ ထွက်ဆိုချက်အရ မတ် ၂၄ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာကျေးရွာ၌ တရားခံ သန့်ဇင်(ခ) သန့်ဇင်ဦး (၃၆)နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ရွှေနံ့သာကျေးရွာ၊ ချင်းတွင်းလမ်းရှိ နေအိမ် ၌ ကွင်းဆက်တရားခံ နုနု(ခ)ခင်ဖုန်းဝင့် (၄၁)နှစ်ကို လက်လုပ်မိုင်း တစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စည်သူ ရှိန်နှင့် နုနု(ခ)ခင်ဖုန်းဝင့် တို့၏ ထွက်ဆိုချက်များအရ မတ် ၂၄ ရက် ညနေပိုင်းတွင် တောင်ကြီး မြို့၊ ကျောင်းကြီးစုရပ်ကွက်၌ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်း များစေခိုင်းသူ သူရထွန်း (ခ)ဖိုးသောကြာ(၃၇) နှစ်ကို AK-47 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်၊ မှန်ပြောင်း ၁ ခုတို့နှင့် လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ညိုမီးကျေးရွာ၌ ဆက်စပ်တရားခံ နန်းဝေယဉ်(၃၇)နှစ်ကို လည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ သူရထွန်း (ခ)ဖိုးသောကြာ၏ ထွက်ဆိုချက် အရ မတ် ၂၅ ရက် နံနက်ပိုင်းတွင် ဒဏ္ခိဏသီရိမြို့ နယ်၌ ကွင်းဆက် တရားခံ ပြည့်ပြည့်ဖြိုး(ခ)ပြည့်ပြည့် (၄၃)နှစ်ကို ဖမ်းဆီးရမိ ခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ထို့ပြင် ဖမ်းဆီးရမိတရားခံ များ၏ထွက်ဆိုချက်အရ မတ် ၂၅ ရက် မွန်းလွဲပိုင်းတွင် မဟာ အောင်မြေမြို့နယ်၊ ဟေမမာလာ တောင်ရပ်ကွက်၊ (၃၅/၃၆) လမ်းကြားနှင့် (၇၈/၇၉) လမ်း ကြား၌ ကွင်းဆက်တရားခံ ဖုန်းမြင့်ဟိန်း(ခ)တရုတ်ကြီး(၃၂)နှစ်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ အမျိုး သား ၇ ဦး၊ အမျိုးသမီး ၄ ဦး ပေါင်း ၁၁ ဦး တို့ကို AK-47 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်၊ မှန်ပြောင်း ၁ ခု၊ လက်လုပ် မိုင်း ၄ လုံး၊ လက်ကိုင်ဖုန်း ၆ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နုနု(ခ)ခင်ဖုန်းဝင့်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ မေလမှ ဩဂုတ်လထိ KIA ဗဟိုဌာနချုပ်၊ လိုင်ဇာ၌ ဖွင့်လှစ်ခဲ့သည့် အကြမ်း ဖက် ဖောက်ခွဲရေးသင်တန်းကို တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိ သော လက်နက်/ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများမှာ ဖမ်း ဆီးရန်ကျန်တရားခံ တောင်ကြီး PDF အကြမ်းဖက်အဖွဲ့ဝင် ဇီဇီး မှ အကြမ်းဖက် လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်တွင် သူရထွန်း (ခ)ဖိုးသောကြာအား AK-47 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်၊ မှန်ပြောင်း ၁ ခုတို့ကို လည်းကောင်း၊ စည်သူရှိန်သည် သူရထွန်း(ခ)ဖိုးသောကြာ၏ စေ ခိုင်းချက်အရ ရန်ကုန်မြို့အတွင်းရှိ ရုပ်ရှင်ရုံများကို ဖောက်ခွဲဖျက်ဆီး ရန် မတ် ၂၃ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးရှိ ဆီဆိုင်အနီး၌ ဖမ်းဆီးရန်ကျန် တရားခံ အောင်သိုက် ထံမှ လက်လုပ်မိုင်း သုံးလုံးကို လည်းကောင်း ရရှိခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ နုနု(ခ)ခင်ဖုန်းဝင့်၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၃ ရက်တွင် ပျဉ်းမနား မြို့နယ်၊ ဦးမင်းဒင်ကျေးရွာ၌ ထွန်းလှိုင်ဦးကို ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တွင် သိမ်းဆည်းရမိ သော ဖောက်ခွဲရေးပစ္စည်းများမှာ နေပြည်တော် PDF အကြမ်းဖက် အဖွဲ့မှ ဖမ်းဆီးရန်ကျန် ကျောက်ခဲ (ခ)အောင်မိုးတို့နှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော် ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ နုနု(ခ)ခင်ဖုန်းဝင့်၏ ထွက်ဆိုချက်အရ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့မှုအနေဖြင့် ၎င်းသည် အကြမ်းဖက်သင်တန်း တက်ရောက်စဉ် ရင်းနှီးခဲ့သည့် ဖမ်းဆီးရန်ကျန် NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်း၏ စေခိုင်းမှုဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည် တော် PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စိုင်းဝင်း နိုင်ဦးနှင့် ချိတ်ဆက်၍ ရဲလေး(ခ)ဘိုဘိုလေး၊ ကျောက်ခဲ(ခ) အောင်မိုးတို့နှင့် ပူးပေါင်းကာ ဇမ္ဗူသီရိ မြို့နယ်၊ အမှတ်(၃) နယ် မြေရဲစခန်းအား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံ စည်သူရှိန်နှင့် နန်းဝေယဉ် တို့ သည် တရားခံ သူရထွန်း(ခ)ဖိုးသောကြာ၏ စေခိုင်းမှုဖြင့် မတ် ၁ ရက်တွင် နမ့်ဆန်မြို့သို့ သွားရောက်၍ လေယာဉ်ဆီတင် ကားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ အခြေအနေများကို စောင့်ကြည့်၍ သတင်းပေးပို့ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဖုန်းမြင့်ဟိန်း(ခ)တရုတ်ကြီး၏ စေခိုင်းမှုဖြင့် သူရ ထွန်း(ခ)ဖိုးသောကြာသည် မတ် ၂၂ ရက်တွင် စည်သူရှိန်နှင့် သက်အောင်ရှိန် တို့အား ရုပ်ရှင် ရုံများ၊ ဟိုတယ်များအား အကြမ်း ဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခြေအနေသွားရောက်ကြည့်ရှုခိုင်းခဲ့ကြောင်းနှင့် မတ် ၂၇ ရက် မတိုင်မီ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာ ဂါးဒင်းဟိုတယ်၊ သမ္မတရုပ်ရှင်ရုံ နှင့် သွင်ရုပ်ရှင်ရုံ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဝင်းလိုက် ရုပ်ရှင်ရုံတို့ကို တစ်ပြိုင်နက်တည်း ဖောက်ခွဲမှုပြုလုပ်ရန် စီစဉ်ဆောင် ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖောက်ခွဲရန်စီစဉ်
ထို့ပြင် ဖမ်းဆီးရမိ တရားခံ နုနု(ခ)ခင်ဖုန်းဝင့်နှင့် သန့်ဇင်(ခ)သန့်ဇင်ဦးတို့၏ ထွက်ဆိုချက် များအရ နေပြည်တော် PDF အကြမ်းဖက်အဖွဲ့မှ စိုင်းဝင်းနိုင်ဦး သည် နုနု(ခ)ခင်ဖုန်းဝင့်နှင့် ချိတ် ဆက်၍ ဖောက်ခွဲရေးအဖွဲ့ များဖွဲ့စည်းကာ မတ် ၂၇ ရက် မတိုင်မီ ဇမ္ဗူသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီရုံး၊ သီရိ(၅)မြို့နယ် အခွန်ဦးစီးမှူးရုံး၊ ဒက္ခိဏခရိုင် တရားရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ယာဉ်ရပ်နားကွင်း၊ ပညာရေးဝန်ကြီးဌာန ယာဉ်ရပ် နားကွင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ယာဉ် ရပ်နားကွင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း ရပ်ကွက်၊ အဆင့်မြင့်ဈေးအနီးရှိ မြဝတီဘဏ်ရုံးချုပ်၊ ပုဗ္ဗသီရိမြို့ နယ်ရှိ ကညနရုံးတို့အား ဖောက်ခွဲ ရေးလုပ်ငန်းများ ဆောင်ရွက်သွား ရန်စီစဉ်လျက်ရှိကြောင်း ဖော် ထုတ် သိရှိရသည်။
အထက်ပါ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများအား နုနု (ခ)ခင်ဖုန်းဝင့်နှင့် စည်သူရှိန်တို့မှ ငွေကြေးရယူလိုမှုဖြင့် ဆောင်ရွက် ရန်ဖြစ်ပြီး ၎င်းတို့ကို နောက်ကွယ် မှ အဓိကစေခိုင်းလျက်ရှိသော တရားခံများမှာ ဖုန်းမြင့်ဟိန်း(ခ)တရုတ်ကြီးနှင့် ဖမ်းဆီးရန်ကျန် NLD ပါတီမှ ပြည်ကြီးတံခွန် မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်စိုး လင်း တို့ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ ဖုန်းမြင့်ဟိန်း(ခ)တရုတ်ကြီးနှင့် NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်းတို့အနေဖြင့် အကြမ်း ဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေခိုင်းရခြင်းမှာ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှု လျော့နည်း လာသည့်အပြင် ကျောင်းသား/ကျောင်းသူများ စာသင်ကြားမှု ကာလပြီးမြောက်သဖြင့် ပြည်သူ လူထု စိတ်လက်အပန်းဖြေအနား ယူနိုင်စေရေး ရုပ်ရှင်ရုံများအား နှစ်ဆန်းတစ်ရက်နေ့တွင် ဖွင့်လှစ် နိုင်ရေး ရည်ရွယ်ဆောင်ရွက်နေမှု ကို ပျက်စီးစေရန်အတွက် ရုပ်ရှင်ရုံ များနှင့် ဟိုတယ်များအား ဖောက် ခွဲဖျက်ဆီးခြင်းဖြင့် ပြည်သူလူထု ထိခိုက်ဒဏ်ရာရရှိ၍ အထိတ် တလန့်ဖြစ်ကာ နိုင်ငံတည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ယုတ် မာသော အကြံအစည်ဖြင့် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရား ခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး အကြမ်း ဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ် သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက် စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွား လာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင် ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာ များအမြန်ဆုံး အေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင် ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေးသတင်းထုတ် ပြန်ထားပါသည်။
သတင်းစဉ်