
ဂျီနီဗာ ဇန်နဝါရီ ၇
ရန်ပုံငွေများ ပြတ်လပ်မှု ဆက်လက် ဖြစ်ပေါ်နေသည့် အတွက် ယီမင်နိုင်ငံတွင် ကုလ သမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ် များပြုလုပ်ရာတွင် သက်ရောက် မှုများရှိလာသည်ဟု လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးရုံး (အိုစီ အိတ်ချ်အေ)က ဇန်နဝါရီ ၆ ရက် တွင် သတိပေးခဲ့သည်။
၂၀၂၁ ခုနှစ် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စများအတွက် လိုအပ်သည့် ရန်ပုံငွေထဲမှ ၅၈ ရာခိုင်နှုန်းကို သာလက်ခံရရှိခဲ့ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ လိုအပ်နေဆဲဖြစ်သည်။ ရလဒ် အနေဖြင့် အကူအညီပေးရေး အေဂျင်စီများသည် ကူညီပေး နေမှုများကို လျှော့ချနေရသည်ဟု အိုစီအိတ်ချ်အေက ပြောသည်။
အရေးပေါ် အစားအသောက် အထောက်အပံ့မှာလည်း လူပေါင်း ရှစ်သန်းစာအတွက် လျှော့ချနေရ သည်။ အလားတူ ကျန်းမာရေး၊ ရေရရှိမှုနှင့် အခြားသောအစီ အစဉ်များကိုလည်း လျှော့ချနေရ သည်ဟု သိရသည်။
ယီမင်နိုင်ငံတွင် အကူအညီ များရရှိရန် အလှူရှင်နိုင်ငံများက ကူညီမှုများ ဆက်လက်ပေးသွား ရန် ကုလသမဂ္ဂက အလှူရှင် နိုင်ငံများကို တိုက်တွန်းလျက် ရှိသည်။
ဆင်ဟွာ