ရတနာပုံတက္ကသိုလ်၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 

မန္တလေး   ဩဂုတ်   ၂၀
ရတနာပုံတက္ကသိုလ်၌ ကျင်းပသည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေး ကျပန်းစကားပြောပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲကို ဩဂုတ် ၁၉ ရက်က ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ စာပေနှင့်အနုပညာအသင်းဥက္ကဋ္ဌနှင့် အသင်းဝင် များ၊  ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများစီမံရေးရာဌာန များမှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် အားပေးကြသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ “မျိုးချစ်လူငယ်နှင့် အနာဂတ်မြန်မာပြည်၊ လူငယ်နှင့်နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အရင်းတည် နိုင်ငံတော်သစ်ဆီ၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ မျိုးချစ် စိတ်ရှိကြစို့၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် မျိုးချစ်ကိုအရင်းခံ ခေါင်းစဉ်တို့ဖြင့် ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူ ၁၁  ဦး ပါဝင် ယှဉ်ပြိုင် ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပါမောက္ခချုပ်က ပထမဆုရ မဇင်ဇင်ထက်   (ဥပဒေပညာဘာသာရပ်)၊    ဒုတိယဆုရ မောင်အောင်မင်းခန့်(ဇီဝ ဓာတုဗေဒဘာသာရပ်)၊ တတိယဆုရ မရွှေရည် အောင်(ရူပဗေဒဘာသာရပ်) တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင် များကို ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။              တင်မောင်-မန်း