ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာလုပ်ငန်းများ ပြန်လည်ရှင်သန်နိုင်ပါစေ

Type

 

ကိုလူလှ
 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့  အကျိုးဆက်တွေကြောင့် ပြည်သူအများ လူမှုစီးပွားဘဝတွေမှာ အခက်အခဲတွေနဲ့  ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ နိုင်ငံတော် ကလည်း    တစ်ဖက်တစ်လမ်းက အတတ်နိုင်ဆုံး    ကူညီထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးတာတွေ   ပြုလုပ်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း     တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြတာကြောင့်        အားလုံး ကိုယ်စီကိုယ်စီ  အပြည့်အဝမလုပ်ပေးနိုင်တာကို နားလည်ကြပါတယ်။ အမှန်တကယ်လိုအပ်နေသူ တွေကို  သင့်တင့်သလောက်  အထောက်အပံ့ပေးနိုင်တာကိုပဲ ကျေနပ်မိပါတယ်။

 


ဒီအခက်အခဲတွေကို     နိုင်ငံတော်နဲ့    အဖွဲ့ အစည်းတချို့က  ကူညီတာတွေ၊   ထောက်ပံ့တာ တွေ ပြုလုပ်ကြပါတယ်။   အခက်အခဲဖြစ်နေချိန်မှာ၊ အကူအညီလိုအပ်နေချိန်မှာ  ကူညီတာ၊   ထောက်ပံ့ တာဟာ တရားတော်နဲ့အညီ ဖြစ်ပါတယ်။ လောက လူသားတွေ ကောင်းကျိုးချမ်းသာ ဖြစ်စေဖို့အတွက် တရားတော်မှာ    ညွှန်ပြထားတာက    ပေးကမ်း ထောက်ပံ့ချီးမြှင့်တာ၊  အားပေးစကားပြောကြား တာ၊   သူ့အကျိုးပြီးမြောက်အောင်    ဆောင်ရွက် ပေးတာ၊      ကိုယ်နဲ့ထပ်တူဆက်ဆံတာတွေဟာ သင်္ဂဟတရားလေးပါးဖြစ်ပါတယ်။    ထကြွလုံ့လ ဝီရိယရှိတာ၊       အကျိုးဖြစ်ထွန်းလာတာတွေကို ထိန်းသိမ်းစောင့်ရှောက်တာ၊        မိတ်ကောင်း ဆွေကောင်းရှိတာ၊   အကုန်နဲ့အရ      မျှတအောင် ဆောင်ရွက်တာတွေဟာ      သမ္ပဒါတရားလေးပါး ဖြစ်ပါတယ်။  ဒုက္ခအခက်အခဲရောက်နေတဲ့သူတွေ အပေါ်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့  ဥပေက္ခာထား တာတွေဟာ    ဗြဟ္မဝိဟာရတရားလေးပါးဖြစ်ပါ တယ်။ ဒီတရားတွေနဲ့အညီ  လုပ်ကိုင်ဆောင်ရွက်ကြ ရင်   လောကကြီးဟာ   အေးချမ်းသာယာဝပြောမှာ ဖြစ်ပါတယ်။

 


အခက်အခဲဖြစ်နေ


ယနေ့ကာလမှာ     လူသားတွေ     ထိခိုက်ခံစား နေကြရတာက   တစ်ကမ္ဘာလုံး   ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့     အဓိကပတ်သက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါရဲ့  နောက်ဆက်တွဲအကျိုးဆက် ကြောင့် သိသိသာသာ ထိခိုက်ခံစားခဲ့ကြရတဲ့သူတွေ ဟာ အားလုံးလိုလိုပါပဲ။ ထိခိုက်ခံစားရတဲ့လုပ်ငန်း နယ်ပယ်တွေအနက်  ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ် တဲ့လုပ်ငန်းတွေ၊   ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ပညာရေးလုပ်ငန်းတွေ၊   စာပေ၊   ဂီတ၊   အနုပညာ နယ်ပယ်နဲ့    မီဒီယာတွေဟာ    လုံးဝထိခိုက်ခဲ့တဲ့ လုပ်ငန်းတွေလို့    ဆိုရမှာဖြစ်ပါတယ်။    တချို့ လုပ်ငန်းတွေဆိုရင်         လုံးဝရပ်ဆိုင်းသွားပြီး ပြန်လည်ဦးမော့လာဖို့ပင်      မလွယ်ကူတော့တဲ့ အခြေအနေရှိပါတယ်။    ရုပ်ရှင်၊   ဂီတ၊   သဘင်၊ စာနယ်ဇင်းနယ်ပယ်တွေဆိုရင်   ကြီးကြီးမားမား ထိခိုက်ခံစားနေရတာကို    တွေ့မြင်နေရပါတယ်။ ဒီနယ်ပယ်တွေမှာ  အသက်မွေးဝမ်းကျောင်းပြုတဲ့ အသိပညာရှင်၊   အတတ်ပညာရှင်၊   အနုပညာရှင် အများစုဟာ သူတို့တတ်တဲ့ ပညာကလွဲလို့ အခြား ဘာကိုမှမလုပ်ကိုင်နိုင်ကြတဲ့အတွက်    စားဝတ် နေရေး အခက်အခဲဖြစ်နေကြတဲ့သူတွေ အများကြီး ရှိပါတယ်။

 


ကိုဗစ်-၁၉   ရောဂါနဲ့ပတ်သက်လို့    ပြည်သူ တွေ    အခက်အခဲဖြစ်နေတဲ့ကာလ၊    အကူအညီ လိုအပ်နေတဲ့အချိန်မှာ  ကူညီဆောင်ရွက်ပေးတာ တွေ၊ ထောက်ပံ့လှူဒါန်းပေးတာတွေကို တွေ့ရှိရတဲ့ အခါ   ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။    ကူညီ ဆောင်ရွက်   ထောက်ပံ့လှူဒါန်းပေးမှုတွေအတွက် ကျေးဇူးတင်မိပါတယ်။   ပြီးခဲ့တဲ့အောက်တိုဘာလ ၁၃ ရက်က (၄၄)   ကြိမ်မြောက်    ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က  ကျပ်သိန်း   ၁၀၀ စီ  လှူဒါန်းခဲ့တာ၊   သက်ကြီးရုပ်ရှင်အနုပညာရှင် တစ်ရာကျော်ကို      ထောက်ပံ့လှူဒါန်းတာတွေ    တွေ့ရလို့    အတိုင်းမသိ    ဝမ်းမြောက်မိပါတယ်။  အခုလို   အခက်အခဲဖြစ်နေချိန်၊   လိုအပ်နေချိန်မှာ  ထောက်ပံ့လှူဒါန်းတာဟာ    လောကပါလတရားနဲ့ အညီ    ထောက်ပံ့ထိုက်သူကို   စေတနာသန့်သန့်နဲ့  ချီးမြှောက်ခြင်းသာ ဖြစ်ပါတယ်။   ဒါကို  မေတ္တာ၊   ကရုဏာ၊   မုဒိတာမပွားနိုင်ဘဲ   ဣဿာမစ္ဆရိယ  ဖြစ်တဲ့သူတွေကို   တွေ့ရတော့လည်း   စိတ်မသက် မသာ ဖြစ်ရပြန်ပါတယ်။ 

 


ချေးငွေထုတ်ချေးပေး


ဒါ့အပြင်    ကိုဗစ်-၁၉ ကာလမှာ    လုပ်ငန်း မလည်ပတ်တော့ဘဲ       အခက်အခဲဖြစ်နေသူတွေ အတွက် ငွေချေးပေးမယ့်သတင်းကို ကြားသိလိုက်ရ ပါတယ်။  အခုလို အလွန်သက်သာတဲ့နှုန်းထားနဲ့ ငွေချေးပေးတာဟာလည်း   လိုအပ်နေတဲ့အချိန်၊ အခက်အခဲဖြစ်နေတဲ့အချိန်မှာ    အထောက်အပံ့ ကောင်းဖြစ်တဲ့   ကူညီဖြည့်ဆည်းပေးခြင်းဖြစ်လို့ မင်္ဂလာရှိတဲ့သတင်းကောင်းဖြစ်ပါတယ်။   သူ့အကျိုး ပြီးမြောက်အောင်     ဆောင်ရွက်ပေးခြင်းဖြစ်လို့  သင်္ဂဟတရားနဲ့ညီတဲ့    ကောင်းသောကိစ္စ     ဖြစ်ပါ တယ်။ ယခင်က   ကိုဗစ်ကာလမှာ လုပ်ငန်းမလည် ပတ်ဘဲ  အခက်အခဲဖြစ်နေတဲ့ အသေးစား၊   အလတ် စား စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေချေးပေးခဲ့ဖူးပါ တယ်။ ယခုလည်း   ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ် လာနိုင်တဲ့   စီးပွားရေးသက်ရောက်မှုတွေအပေါ်  ကုစားရေးလုပ်ငန်း   ကော်မတီအစည်းအဝေးက ကိုဗစ်-၁၉ ကြောင့်  ထိခိုက်မှုတွေရှိနေတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊  မီဒီယာလုပ်ငန်းတွေ ကို  ချေးငွေထုတ်ချေးပေးဖို့    ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

 


ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာတွေ ကို ဘဏ္ဍာရေးဆိုင်ရာအကူအညီတွေ     ပေးအပ်နိုင်ဖို့ အတွက်  ကိုဗစ်-၁၉ ရန်ပုံငွေမှ ကျပ်ငွေ ၁၅ ဘီလီယံ ထုတ်ချေးပေးနိုင်ရေး  ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံမှာရှိတဲ့  ရုပ်ရှင်လောက၊ ဂီတလောက၊ သဘင်လောကနဲ့   ရပ်နားလိုက်ရတဲ့ စာပေထုတ်ဝေရေးလုပ်ငန်းတွေ၊  မဂ္ဂဇင်း၊   ဂျာနယ်၊ သတင်းစာထုတ်ဝေရေးလုပ်ငန်းတွေနဲ့     သတင်း မီဒီယာလုပ်ငန်းတွေအတွက်  ကျပ်ငွေ ၁၅ ဘီလီယံ ဆိုတာ  လောက်ငတဲ့ ငွေကြေးအတိုင်းအတာပမာဏ တော့ မဟုတ်ပါဘူး။ မလောက်ငပေမယ့်လည်း ရရှိတဲ့ အတိုင်းအတာပမာဏနဲ့   ထပ်ပေါင်းဖြည့်စွက် ပြီးတော့ မိမိတို့လုပ်ငန်းတွေ ပြန်လည်ရှင်သန်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။ ရရှိလာမယ့် ချေးငွေကို   ထိုက်ထိုက်တန်တန်    တူတူတန်တန် ထိထိရောက်ရောက်       အသုံးချရမှာဖြစ်ပါတယ်။ အခုလိုကာလမှာ ပြည်သူတွေအနေနဲ့လည်း အခက် အခဲဖြစ်နေကြတဲ့အချိန်အခါမို့     အသိပညာဗဟု သုတနဲ့ ဖျော်ဖြေရေး၊         အပန်းဖြေရေးလုပ်ငန်းတွေကို   နည်းနည်းနဲ့ကျဲကျဲ ဝိုင်းကြရမှာဖြစ်ပါတယ်။

 


သက်သာတဲ့နှုန်းထား


အဆိုပါချေးငွေကို   ကဏ္ဍအလိုက်သတ်မှတ် ထားတဲ့စည်းကမ်းချက်တွေနဲ့   ကိုက်ညီတဲ့   ရုပ်ရှင်၊ ဂီတ၊ သဘင်၊  စာနယ်ဇင်း၊   မီဒီယာလုပ်ငန်းတွေကို အတိုးနှုန်း တစ်ရာခိုင်နှုန်းနဲ့ ချေးငွေကာလ တစ်နှစ် သတ်မှတ်ပြီး    ချေးယူခွင့်ပြုသွားမှာဖြစ်ပါတယ်။ ချေးငွေလျှောက်လွှာတွေကို  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ရန်ကုန်မြို့သာမက တိုင်းဒေသ ကြီးနှင့်  ပြည်နယ်ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးတွေမှာ ရယူနိုင်ပါတယ်။ 

 


ဒါ့အပြင်   သတ်မှတ်ထားတဲ့    ဝက်ဘ်ဆိုက် လိပ်စာတွေမှာ ထုတ်ယူနိုင်သလို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ရုံးချုပ်နဲ့  တိုင်းဒေသ ကြီးနဲ့ ပြည်နယ်ပြန်/ဆက်ရုံးတွေမှာလည်း ရယူနိုင် ပါတယ်။    လျှောက်လွှာတွေကို    ၂၀၂၁   ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့အထိ  လက်ခံပေးသွားမှာ ဖြစ်ပြီး  သတ်မှတ်ထားတဲ့ကဏ္ဍတွေနဲ့     စည်းကမ်း အချက်အလက်တွေနဲ့      ကိုက်ညီတဲ့ လုပ်ငန်းတွေကို ချေးငွေထုတ်ချေးပေးသွားမှာဖြစ်ပြီး       အသေးစိတ် သိရှိလိုပါက     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ    ကုန်သည်များနှင့်    စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နဲ့     ရင်းနှီးမြှုပ်နှံမှုနှင့်    ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့သို့   ဆက်သွယ်မေးမြန်း နိုင်ပါတယ်လို့ သိရပါတယ်။ 

 


ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာတွေ ဆိုတာ  လုပ်ငန်းပမာဏ၊ လုပ်ငန်းသဘာဝတစ်ခုနဲ့ တစ်ခု မတူတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။   အခြား စီးပွားရေးလုပ်ငန်းတွေနဲ့မတူဘဲ  လုပ်ငန်းပမာဏ ကျယ်ပြန့်ပါတယ်။     ရင်းနှီးမြှုပ်နှံမှုပမာဏလည်း   များပြားပါတယ်။         ဝင်ငွေရလမ်းဟာလည်း အောင်မြင်မှုအပေါ်မူတည်ပြီး ခန့်မှန်းရခက်ပါတယ်။ ချေးငွေဆိုတာ   အချိန်တန်ရင်     ပြန်ဆပ်ရမှာ ဖြစ်တဲ့အတွက်    ကုန်ကျစရိတ်တွေကို   ချင့်ချင့် ချိန်ချိန် ခြိုးခြံချွေတာပြီး ချီးမြှင့်ငွေတွေ၊    အနုပညာ ကြေးတွေ ယခင်နဲ့မတူ  လတ်တလောလျော့နည်း မှာကိုလည်း      နားလည်ပေးကြရမှာဖြစ်ပါတယ်။ ဒီလောကသားအားလုံးဟာ      အခက်အခဲတွေ ကိုယ်စီရှိကြတာဖြစ်ပြီး     စည်းကမ်းချက်တွေ၊ လိုအပ်ချက်တွေရှိလို့  ချေးငွေမရတဲ့သူတွေအနေနဲ့ လည်း နားလည်ပေးကြဖို့လိုပါတယ်။   ချေးငွေရရှိ လာတာကြောင့်  လုပ်ငန်းပြန်စဖို့   အားယူနိုင်တာ ဟာ အခွင့်အလမ်းတစ်ခုပါပဲ။

 


လောကသာယာရေး


ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာတွေ ပြန်လည်ရှင်သန်ရေးကို  အားပေးကူညီထောက်ပံ့ ပေးဖို့  နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက် လျက်ရှိပါတယ်။ အထူးသဖြင့် မြန်မာပြည်တစ်ဝန်း က မွန်းကျပ်နေတဲ့ပြည်သူတွေ အပန်းဖြေလန်းဆန်း စေရေး ဆောင်ကြဉ်းပေးမယ့် ရုပ်ရှင်၊ ဂီတ၊ သဘင် လောက ပြန်လည်ရှင်သန်ရေးကို ပြည်သူအားလုံး က မျှော်လင့်နေကြပါတယ်။ ယခုအခါမှာ ကိုဗစ်-၁၉ ရောဂါဟာလည်း နိုင်ငံတော်နဲ့ သက်ဆိုင်ရာတို့က အလေးထားဆောင်ရွက်ပေးမှုနဲ့    မြန်မာပြည်သူ ပြည်သားတွေ တက်တက်ကြွကြွ အသိစိတ်ရှိရှိနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြလို့    ရောဂါဖြစ်ပွားမှုဟာ နယ်စပ်ဒေသတချို့မှလွဲလို့ တစ်နိုင်ငံလုံးမှာဖြစ်ပွား မှု  ကျဆင်းသွားပြီဖြစ်ပါတယ်။   ရောဂါဖြစ်ပွားမှု ကျဆင်းသွားလို့ ရုပ်ရှင်ရိုက်ကူးတင်ဆက်ပြသရေး တွေ၊     ဂီတထုတ်လုပ်ဖျော်ဖြေမှုတွေ၊    သဘင် တင်ဆက်ဖျော်ဖြေမှုတွေကို ကျန်းမာရေးစည်းကမ်း တွေကို   ပစ်ပယ်မထားဘဲ   စတင်နိုင်ကြတော့မှာ ဖြစ်ပါတယ်။

 

ယခုအခါ   ပြည်သူတွေ    စိတ်နှလုံးချမ်မြေ့ ပျော်ရွှင်မှုတွေနဲ့ အသိပညာဗဟုသုတတွေ တိုးပွား လာစေရေးအတွက်    စတင်လမ်းပွင့်လာပြီ   ဖြစ်ပါ တယ်။    အနုပညာလောကသားတွေ၊     စာပေ၊ သတင်းလောကသားတွေ      ပြန်လည်ရှင်သန်လာ မယ့်လမ်းစဖြစ်လို့  ကောင်းသောဤအမှုအတွက် မုဒိတာပွားရပါတယ်။ 

 


ဝမ်းမြောက်စွာ ကြိုဆိုရပါတယ်။ 
လောကပါလတရားတွေကို   ဆိုင်ရာဆိုင်ရာ အလိုက်  လိုက်နာကျင့်သုံးကြမယ်ဆိုရင်   မြန်မာ့ လူ့ဘောင်လောကလည်း  ပြန်လည်သာယာဝပြော လာမှာဖြစ်ပါတယ်။        ။