ရုပ်ရှင်အနုပညာစွမ်းပကားဖြင့် နိုင်ငံနှင့် ပြည်သူအတွက် တာဝန်ကျေပွန်

 

၂၀၁၉ ခုနှစ်၊   ၂၀၂၀  ပြည့်နှစ်နှင့်   ၂၀၂၂  ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု   ချီးမြှင့်ပွဲကြီးကို   ခမ်းခမ်းနားနား၊ အောင်အောင်မြင်မြင်၊   ပျော်ပျော်ရွှင်ရွှင်   ကျင်းပပြီးခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကဏ္ဍများစွာတို့၌ ထိခိုက်ခံစားခဲ့ရမှုများ ရှိခဲ့ရာတွင်  အရွေ့တစ်ခုဆီသို့  ရောက်ရှိနေသည့်  မြန်မာ့ ရုပ်ရှင်လောကလည်း  ပါဝင်သည်။  နိုင်ငံတစ်ဝန်းလုံးတွင် ရှိနေသည့်  ရုပ်ရှင်ရုံများတွင်   ပြသမှုရပ်ဆိုင်းခဲ့ရခြင်းနှင့် အတူ ရုပ်ရှင်ကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းနေကြ ရသည့် အလွှာအသီးသီးတို့မှ ရုပ်ရှင်လောကသားများစွာ အခက်အခဲများ ကြုံတွေ့ကြရသည့် သတင်းများကိုလည်း ကြားသိခဲ့ရသည်။

 


၂၀ ရာစု စဦးပိုင်းကာလ အများပြည်သူကြည့်ရှုနိုင်သည့် ရုပ်ရှင်ဇာတ်ကားများ ပေါ်ပေါက်လာချိန်မှစ၍ ရုပ်ရှင်သည် လူများ၏ စိတ်ကိုဆွဲဆောင်  ဖမ်းစားနိုင်သော  အနုပညာနှင့် အတတ်ပညာတို့ ပေါင်းစပ်ထားသည့် မီဒီယာတစ်ခုဖြစ် ခဲ့သည်။    လူအများအပေါ်    လွှမ်းမိုးနိုင်စွမ်းကြီးမားသည့် အလျောက် ရုပ်ရှင်မီဒီယာကို soft power အဖြစ် အသုံးချ နေကြသည့်  ကမ္ဘာ့နိုင်ငံများကိုလည်း  တွေ့ရှိနိုင်သည်။ ထို့အပြင် ရုပ်ရှင်သရုပ်ဆောင်များသည် လူသိများ ထင်ပေါ် ကျော်ကြားသူများဖြစ်ကြပြီး ၎င်းတို့ကို အားပေးချစ်ခင် ကြသည့်  ပရိသတ်များလည်းရှိကြရာတွင်   နိုင်ငံရေးပါတီ များက  ယင်းအချက်ကို   အသုံးချလေ့ရှိကြသည်များကို လည်း တွေ့ရှိနိုင်သည်။

 


“အနုပညာတစ်ရပ်က ပေးလိုက်သည့် အကြောင်းတရား များသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကို ပြသရာ ရောက်သည့်အတွက် ရုပ်ရှင်အနုပညာက ပေးစွမ်းနိုင်မှုများ သည် အင်မတန်အရေးပါအရာရောက်သည်ဟု မိမိအနေဖြင့် တွေးမြင်ခံစားမိပါကြောင်း၊   တစ်နည်းအားဖြင့်    ရုပ်ရှင် အနုပညာသည် နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဩဇာသက်ရောက်မှု ရှိသည့် soft power တစ်ခုဖြစ်သောကြောင့် အနုပညာရှင် များအနေဖြင့် မိမိနိုင်ငံ၊  မိမိလူမျိုးဖွံ့ဖြိုးတိုးတက်စေရေး၊   နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်း စေရေးအတွက်ကျရာဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြပါရန်         တိုက်တွန်းပြောကြားလိုပါကြောင်း။” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ    တက်ရောက်ချီးမြှင့်    အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 


မိမိတို့နိုင်ငံ၏   ပစ္စုပ္ပန်ကာလအခြေအနေသည်    နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးနှင့်    သာယာဝပြောသည့်    လူ့ဘောင်ဘဝ တည်ဆောက်ရေးတို့ကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံးက လိုလားတောင့်တနေချိန်ဖြစ်သည်။ ရုပ်ရှင်အနုပညာ ရှင်၊ အတတ်ပညာရှင်များနှင့် ရုပ်ရှင်လောကသားအားလုံး တို့က မိမိတို့၏  အနုပညာ၊  အတတ်ပညာ  စွမ်းပကားများ ဖြင့် မျက်မှောက်ကာလ နိုင်ငံတော်နှင့် ပြည်သူလူထု၏ ပကတိလိုလားချက်များကို   ထင်ဟပ်ကာ   မိမိတို့ခေတ် ၏     အမျိုးသားရေးတာဝန်များကို    ကျေပွန်နိုင်ကြပါ စေကြောင်း။          ။