ရုရှားနိုင်ငံ၌ အောက်တိုဘာ ၁၄ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၀၀၀ အောက်ကျဆင်း

မော်စကို  ဒီဇင်ဘာ  ၇


ရုရှားနိုင်ငံ၌   ယမန်နေ့က  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ   ၃၁၀၉၆ ဦး   ရှိခြင်းကြောင့် အောက်တိုဘာ   ၁၄ ရက်နောက်ပိုင်း   ပထမဆုံး အကြိမ်အဖြစ် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်  ၃၂၀၀၀ အောက်  ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉၈၆၄၈၄၅ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။


ရုရှားနိုင်ငံတစ်ဝန်း၌  လွန်ခဲ့သည့်  တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၁၈၂ ဦး  ထပ်မံတွေ့ရှိခဲ့သဖြင့်    သေဆုံးသူစုစုပေါင်း ၂၈၃၆၄၄ ဦးရှိလာကြောင်း သိရသည်။


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ  ဆင်းခွင့်ရရှိသူ ၃၄၆၁၅  ဦး ထပ်မံ တွေ့ရှိခြင်းကြောင့်   ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၈၅၆၅၀၉၁ ဦး ရှိလာကြောင်း သိရသည်။ 
မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့ သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါ  ကူးစက် ခံရသူ ၂၅၇၃ ဦး ရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၉၆၈၉၄၇  ဦး ရှိလာကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်