ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၁၁၉ ဦး ထပ်မံတွေ့ရှိ

မော်စကို  ဒီဇင်ဘာ  ၂၉


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၂၁၁၁၉ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူစုစုပေါင်း ၁၀၄၅၈၂၇၁ ဦး ရှိလာကြောင်း ရုရှား နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန် ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌     လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉၃၂   ဦး   ထပ်မံတွေ့ရှိခဲ့သဖြင့်   အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃၀၇၀၂၂  ဦးရှိလာကြောင်း သိရ သည်။


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ     ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ        ဆင်းခွင့်ရရှိသူ ၄၂၇၇၆ ဦး ရှိခြင်းကြောင့်   ရောဂါမှ   ပြန်လည်ကျန်းမာလာ သူစုစုပေါင်း   ၉၃၈၀၂၂၃ ဦး ရှိလာကြောင်း  သိရ သည်။


ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်သည့်  မြို့တော်မော်စကို၌ လွန်ခဲ့ သည့်တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၁၇၉၈ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၀၂၅၃၄၄ ဦးရှိလာ ကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်