ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၉၀၇ ဦး ထပ်မံတွေ့ရှိ

မော်စကို   ဒီဇင်ဘာ   ၂၁


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ ၂၅၉၀၇ ဦးထပ်မံတွေ့ရှိခြင်း ကြောင့်   နိုင်ငံတစ်ဝန်းတွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၂၆၇၇၁၉ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏     ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေး နှင့်  တုံ့ပြန်ရေးစင်တာ၏  ပြောကြားချက်အရ  သိရ သည်။
အလားတူ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၂၇ ဦး ထပ်မံတွေ့ရှိ ခဲ့သဖြင့် ရောဂါကြောင့် သေဆုံးသူပေါင်း ၂၉၉၂၄၉ ဦး ရှိလာကြောင်း သိရသည်။


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၄၀၂၁၉ ဦး ရှိခြင်း ကြောင့်  ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၉၀၅၅၁၉၉ ဦးရှိလာကြောင်း သိရသည်။


လက်ရှိတွင်  ရုရှားနိုင်ငံတစ်ဝန်း၌  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ   လူနာပေါင်း  ၉၁၃၂၇၁  ဦးရှိ ကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့် ရေးနှင့် တုံ့ပြန်ရေးစင်တာ၏  ပြောကြားချက်အရ သိရသည်။


ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်သည့် မြို့တော်မော်စကို၌ လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၁၉၀၆ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၀၇၆၁၆ ဦး ရှိလာကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်