ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၅၅၈ ဦး ထပ်မံတွေ့ရှိ

မော်စကို  နိုဝင်ဘာ  ၂၄ 


ရုရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၅၅၈ ဦး  ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ    ရောဂါ ကူးစက်ခံရသူပေါင်း ၉၄၃၄၃၉၃ ဦး ရှိလာ ပြီဖြစ်သည်။ 


သေဆုံးသူပေါင်း ၂၆၇၈၁၉ ဦးရှိ


အလားတူ    လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောင့် ၁၂၄၀ ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၆၇၈၁၉ ဦးရှိလာသည်။ 


သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း လူနာ ၃၆၆၈၂ ဦး ရောဂါမှ   ပြန်လည် ကျန်းမာလာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ    ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာသူ ပေါင်း ၈၁၂၆၃၇၆ ဦး ရှိလာကြောင်း သိရ သည်။ 


မော်စကိုမြို့၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ရောဂါကူးစက်ခံရသူ ၂၅၃၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၁၉၂၆၇၀၁ ဦးရှိလာသည်။ 
လာမည့်ဆောင်းရာသီ အားလပ်ရက် ကာလအတွင်း ရောဂါကူးစက်မှုများ မမြင့် တက်စေရေးအတွက် ဗိုင်းရပ်စ်ကာကွယ် ရေးဆိုင်ရာ  စည်းမျဉ်းများ   ချမှတ်ရန် လိုအပ်ကြောင်း    ကရင်မလင်    ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကို့ဗ်က ဆို သည်။ 


လက်ရှိအချိန်အထိ ပြည်သူ ၆၃ ဒသမ ၁ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် ထိုးနှံ မှုခံယူပြီးဖြစ်ပြီး ၅၇ ဒသမ ၉ သန်းကျော် သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံ မှုခံယူပြီးဖြစ်သည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အောင်ကျော်ကျော်