
မော်စကို အောက်တိုဘာ ၃၁
ရုရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၉၉၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၈၅၁၃၇၉၀ ရှိလာပြီဖြစ်သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၁၁၅၈ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၃၈၅၃၈ ဦးရှိပြီဖြစ်သည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၂၇၁၁၅ ဦး ရောဂါမှ ပြန်လည်ကျန်းမာလာခဲ့သည့်အတွက် ဆေးရုံ များမှ ပြန်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကျန်းမာလာသူပေါင်း ၇၃၅၈၅၃၉ ဦးရှိလာ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် ပြည်သူများအား အစိုးရအဖွဲ့က တိုက်တွန်းလျက်ရှိသည်။ နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၃၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
မော်စကိုမြို့၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါ ကူးစက်ခံရသူ ၇၆၀၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၁၈၁၇၃၉၁ ဦးရှိလာသည်။
လက်ရှိအချိန်အထိ ပြည်သူ ၅၆ ဒသမ ၇ သန်းကျော် သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ပြီး ၅၀ ဒသမ ၉ သန်းသည် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံးရှိ စီးပွားရေးလုပ်ငန်းများအား ယမန်နေ့မှစပြီး နိုဝင်ဘာ ၇ ရက်အထိ ပိတ်သိမ်းထား ကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်