ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀ ဒသမ ၂ သန်းကျော် ရှိလာ

မော်စကို   ဒီဇင်ဘာ   ၁၉


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၉၆၇ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၀၂၁၄၇၉၀ ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။


ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၂၃ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၉၇၂၀၃  ဦးရှိလာကြောင်း သိရသည်။


ပြန်လည်ကျန်းမာလာသူ  ၈၉၈၄၉၂၁ ဦးရှိ


ထို့ပြင်   ရုရှားနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူ ၃၂၆၅၅ ဦး ရှိခြင်း ကြောင့်      ပြန်လည်ကျန်းမာလာသူ    စုစုပေါင်း ၈၉၈၄၉၂၁ ဦးရှိလာကြောင်း သိရသည်။


လက်ရှိတွင် ရုရှားနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း  ၉၃၂၆၆၆ ဦး ရှိကြောင်း    ရုရှားနိုင်ငံ၏  ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြား ချက်အရ သိရသည်။


မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၃၀၁၃  ဦးရှိခြင်းကြောင့် မြို့တော် တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၀၀၃၀၈၀ ရှိလာကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်