ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆ ဒသမ ၁၇ သန်းကျော် ရှိလာ

မော်စကို     ဇူလိုင်    ၂၇


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉  ရောဂါ  ကူးစက်ခံရသူ   ၂၃၀၃၂ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့်   နိုင်ငံတစ်ဝန်း၌   ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၆၁၇၂၈၁၂ ဦး ရှိလာကြောင်း  ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့်  တုံ့ပြန်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။


အလားတူ      ရုရှားနိုင်ငံ၌     လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူ   ၇၇၉  ဦး ရှိခြင်းကြောင့်   ကိုဗစ်-၁၉   ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၅၃၈၀  ရှိလာကြောင်းနှင့်         လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉  ရောဂါမှ  ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှဆင်းခွင့် ရရှိသူ ၂၀၁၁၆ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၅၅၂၆၉၅၀ ရှိလာ ကြောင်း သိရသည်။


မြို့တော်မော်စကိုသည်  ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉  ရောဂါ ကူးစက်ဖြစ်ပွားမှု  အများဆုံးဒေသဖြစ်ပြီး    လွန်ခဲ့သည့်တစ်ရက်အတွင်း   ကိုဗစ်-၁၉   ရောဂါ ကူးစက်ခံရသူ ၂၆၂၃ ဦး ရှိခြင်းကြောင့်   မြို့တော် တစ်ဝန်း၌    ကိုဗစ်-၁၉    ရောဂါ   ကူးစက်ခံရသူ စုစုပေါင်း ၁၄၉၃၃၃၀ ရှိလာကြောင်း သိရသည်။


မော်စကိုမြို့၌       ကူးစက်ခံရသူအရေအတွက်    တစ်သန်းကျော်အထိ မြင့်တက်ခဲ့သော်လည်း ပြီးခဲ့ သည့် သီတင်းပတ်ကမူ  နေ့စဉ်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် ကျဆင်းမှုများ  ဖြစ်ပေါ် ခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဘိုင်ယာနင် က ယနေ့တွင် ပြောကြားသည်။ 


ကိုးကား- ဆင်ဟွာ 
ဘာသာပြန်- အလင်းသစ်