ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၄၃၈ ဦး ထပ်မံတွေ့ရှိ

မော်စကို  စက်တင်ဘာ  ၂၃ 


ရုရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၄၃၈ ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရာ  နိုင်ငံအတွင်း၌  ဗိုင်းရပ်စ်ကူးစက်ခံရ သူပေါင်း ၇၃၅၄၉၉၅ ဦးရှိလာကြောင်း ရုရှားနိုင်ငံရောဂါတုံ့ပြန်ရေးစင်တာက ယနေ့ပြောသည်။ 


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၈၂၀ ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့်  သေဆုံး သူပေါင်း ၂၀၁၄၄၅ ဦးရှိလာသည်။ 
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၆၅၆၇ ဦး ရောဂါမှ ပြန်လည်သက်သာလာသည့်အတွက် ဆေးရုံ များမှ ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာသူပေါင်း ၆၅၅၈၇၈၀ ရှိလာသည်။ 


ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့်  မြို့တော်မော်စကို၌  လွန်ခဲ့သော       ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၄၅ ဦးထပ်မံတွေ့ရှိခဲ့ရာ  မြို့တော်အတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၆၁၁၆၁၁ ဦးရှိလာပြီ ဖြစ်သည်။ 
လက်ရှိအချိန်အထိ ပြည်သူ သန်း ၄၀ ခန့်အား ကာကွယ်ဆေးနှစ်ကြိမ်စလုံး    ထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။            

  ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်