
မော်စကို ဒီဇင်ဘာ ၁၅
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၃၆၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၀၁၀၃၁၆၀ ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၁၄၂ ဦးထပ်မံတွေ့ရှိ ခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၉၂၈၉၁ ဦးရှိလာ ကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၅၆၃၃ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၈၈၃၉၆၃၃ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာ စုစုပေါင်း ၉၇၀၆၃၆ ဦး ရှိကြောင်း သိရသည်။
မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၅၉ ဦး ရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၉၉၁၇၀၇ ဦးရှိလာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်