
မော်စကို ဇူလိုင် ၂၅
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၀၇၂ ဦးရှိခြင်းကြောင့် နိုင်ငံ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၆၁၂၆၅၄၁ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့်တုံ့ပြန်ရေး စင်တာက ယနေ့တွင် ပြောကြားသည်။
ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့် ရေးနှင့်တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၇၇၉ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၅၃၈၇၄ ဦး ရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၁၈၆၇၈ ဦးရှိခြင်း ကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သူစုစုပေါင်း ၅၄၉၀၆၃၄ ဦးရှိလာကြောင်း သိရသည်။
မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၀၆ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်း၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၄၈၈၀၇၈ ဦးရှိလာကြောင်း သိရသည်။
ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစတင်ကာ လက်ရှိအချိန်အထိ နိုင်ငံ တစ်ဝန်းရှိ ပြည်သူ ၁၆၂ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်