ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၇၄၀ ရှိ

မော်စကို    အောက်တိုဘာ  ၂၀

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ   ၃၃၇၄၀  ရှိခြင်းကြောင့်    နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉  ရောဂါ   ကူးစက်ခံရသူပေါင်း  ၈၀၆၀၇၅၂   ဦး ရှိလာကြောင်း  ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေး နှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌    လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၁၅ ဦးထပ်မံတွေ့ရှိ ခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူပေါင်း ၂၂၅၃၂၅  ဦးရှိလာကြောင်း သိရသည်။


ထို့ပြင်    ရုရှားနိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက်အတွင်း   ကိုဗစ်-၁၉   ရောဂါမှ    ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၃၄၂၆ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၇၀၄၀၄၈၁   ဦးရှိလာကြောင်း သိရသည်။


မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ  ၅၇၀၀   ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း   ၁၇၃၁၉၃၇  ဦးရှိလာ ကြောင်း သိရသည်။


ရုရှားနိုင်ငံ၏ ဒေသတွင်းမီဒီယာများ၏ သတင်းထုတ်ပြန် ချက်အရ ရုရှားနိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၄၇ ဒသမ ၅ သန်းကျော်ရှိကြောင်း  နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း  ၅၁ သန်း ရှိကြောင်း သိရသည်။            

   ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်