ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၈၆၀ ရှိ

မော်စကို    နိုဝင်ဘာ   ၂၉


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၈၆၀ ရှိခြင်းကြောင့်   နိုင်ငံတစ်ဝန်းတွင်  ကူးစက်ခံရသူပေါင်း ၉၆၀၄၂၃၃ ဦးရှိလာကြောင်း  ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြား ချက်အရ သိရသည်။


ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၂၀၉ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူပေါင်း ၂၇၃၉၆၄ ဦးရှိလာကြောင်း သိရသည်။


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၇၇၀၀ ထပ်မံတွေ့ရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၈၂၉၅၈၁၁ ဦးရှိလာကြောင်း သိရသည်။


မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၃၄ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကူးစက်ခံရသူပေါင်း ၁၉၄၃၉၂၉  ဦး  ရှိလာ ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်