ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၇၁၇ ဦးရှိ

မော်စကို    အောက်တိုဘာ   ၁၃


ရုရှားနိုင်ငံ၌    လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၇၁၇ ဦး ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၇၈၆၁၆၈၁ ဦးရှိလာကြောင်း   ရုရှားနိုင်ငံ၏  ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉၈၄ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူစုစုပေါင်း ၂၁၉၃၂၉ ဦးရှိလာ ကြောင်း သိရသည်။


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၁၈၀၁ ဦးထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၆၉၁၆၀၈၆  ဦးရှိလာကြောင်း သိရသည်။


မြို့တော်မော်စကိုသည်    ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု  အများဆုံး ဒေသဖြစ်ပြီး   လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ   ၄၄၁၀  ရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၆၉၂၇၈၆ ဦးရှိလာကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ ဒေသတွင်းမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ ရုရှားနိုင်ငံတစ်ဝန်း လုံးတွင် ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ   စုစုပေါင်း ၄၅ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရသည်။


 ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်