
နေပြည်တော် သြဂုတ် ၁၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM)နှင့် သိပ္ပံ နှင့်နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၄၊ ဒုတိယနေ့ အစီအစဉ်များ ကို ယနေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပရာ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။
နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး သည် ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ရောက်ရှိပြီး ပွဲတော် လာ ကျောင်းသားများကို ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ စုဝေးခန်းမ ၌ Science Battle ယှဉ်ပြိုင် နေမှုများကို တာဝန်ရှိသူများ၊ ကျောင်းသားများနှင့်အတူ ကြည့်ရှု အားပေးသည်၊
ယင်းပြိုင်ပွဲတွင် နည်းပညာ နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသားများ ပါဝင်သော အသင်းရှစ်သင်းတို့က သက်ဆိုင် ရာ ဘာသာရပ်များကို Perfor-mance များဖြင့် ပါဝင်ယှဉ်ပြိုင် ကြပြီး အခမ်းအနားသို့ တက် ရောက်လာသော ကျောင်းသား ၂၀၀ က voting စနစ်ဖြင့် အမှတ် ပေးကြရာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ အသင်း က ပထမဆု၊ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ အသင်းက ဒုတိယ ဆုနှင့် နည်းပညာတက္ကသိုလ် (သန်လျင်)မှ အသင်းက တတိယ ဆုများရရှိကြသည်။ ဒုတိယဝန်ကြီး က ဆုများကို ချီးမြှင့်ပေးအပ်ပြီး (အပေါ်ပုံ) ပြိုင်ပွဲဝင် ကျောင်သား အားလုံးကို ROSATOM မှ တာဝန် ရှိသူနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်တို့က Certificates များကို ပေးအပ်ကြ သည်။ ထို့နောက် ဒုတိယဝန်ကြီး သည် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ပြီး ပြိုင်ပွဲဝင်သူအားလုံးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြု ကြောင်းနှင့် နိဂုံးချုပ်အမှာစကားပြောကြားသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် ၌ ယမန်နေ့က HackAtom ပြိုင်ပွဲဝင်အသင်းများ၏ အသင်း လိုက်ယှဉ်ပြိုင်ဖြေဆိုကြမှုများကို Moscow Engineering Physics Institute မှ ပါမောက္ခများပါဝင် သောဒိုင်အဖွဲ့က မေးခွန်းများကို မေးမြန်းပြီး အကဲဖြတ်အမှတ်ပေး ကြသည်။ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရအသင်း များအား ဂုဏ်ပြုဆုများ ချီးမြှင့် ကြပြီး Moscow Engineering Physics Institute မှ ပါမောက္ခ များက ပြိုင်ပွဲဝင်အသင်းများအား ROSATOM မှ Certificates များ နှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ROSATOM မှ တာဝန်ရှိသူများနှင့် Moscow Engineering Physics Institute မှ ပါမောက္ခများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။
ထို့အတူ ဒုတိယနေ့ အစီအစဉ် များကို နျူကလီးယားသတင်း အချက်အလက် စင်တာတွင်လည်း ဆက်လက်ကျင်းပရာ နံနက်ပိုင်း တွင် Public Discussion ကို ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ရှိ တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမများသည် Hybrid စနစ်ဖြင့် တက်ရောက်ကြပြီး Fun Science အစီအစဉ်မှ “Sink or Swim Boat Challenge” တွင် အခြေခံပညာ အလယ်တန်းမှ ကျောင်းသားများ တက်ရောက် ဆင်နွှဲကြသည်။ အဆိုပါစင်တာ၌ ညနေပိုင်းတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့မှ ကျွမ်းကျင်ပညာ ရှင် သုံးဦးကို အစီအစဉ်တင်ဆက် သူက နျူကလီးယား နည်းပညာ ဆိုင်ရာ မေးခွန်းများ အပြန်အလှန် ဆွေးနွေးကြသည်များကို ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။
အလားတူ Moscow Engi-neering Physics Institute မှ ပါမောက္ခများက “Career guidance Session” အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရှိ အထက (၂) မင်္ဂလာဒုံနှင့် TTC (ကမာရွတ်) ကျောင်းတို့၌ ပြုလုပ် ပြီး ကျောင်းသားများက “သင့်ရဲ့ သိပ္ပံဆိုင်ရာ ကျွမ်းကျင်မှုကို ဘယ်လိုမြှင့်တင်မလဲ” ဂိမ်းကစား နည်းများဖြင့် ပါဝင်ဆင်နွှဲကြ ကြောင်း သိရသည်။
သတင်းစဉ်