ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM နှင့် ပူးပေါင်း၍ သိပ္ပံပွဲတော် ၂၀၂၄၊ တတိယနေ့အစီအစဉ်များကို စင်ကာပူ − မြန်မာ သက်မွေးပညာသင်တန်းကျောင်းနှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတို့၌ ကျင်းပ

 

နေပြည်တော်   သြဂုတ်  ၁၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ  နိုင်ငံပိုင် အဏုမြူစွမ်းအင်‌ကော်ပိုရေးရှင်းအေဂျင်စီ   (ROSATOM)   နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၄၊    တတိယနေ့    အစီအစဉ် များကို      ယနေ့တွင်       ရန်ကုန်မြို့ ၌    ဆက်လက်     ကျင်းပရာ    ဒုတိယဝန်ကြီး       ဒေါက်တာ အောင်ဇေယျ       တက်ရောက် အားပေး သည်။
စကားဝိုင်းဆွေးနွေး
နံနက်ပိုင်း၌ ဒုတိယဝန်ကြီး သည် စင်ကာပူ−မြန်မာ သက်မွေး ပညာသင်တန်းကျောင်းရှိ စုဝေး ခန်းမ၌   နိုင်ငံ့အကျိုးပြု အမျိုး သမီးသိပ္ပံပညာရှင်များ  ပေါ်ထွန်း လာစေရေး    မျိုးစေ့ချပေးသည့် အနေဖြင့်  ရည်ရွယ်ကျင်းပသော ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ် တို့မှ   အမျိုးသမီးသိပ္ပံပညာရှင် နှစ်ဦး၏   “Tough    question: become a  Female  Scientist” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေး ပွဲကို  တက်ရောက်အားပေးသည်။
ဆွေးနွေးပွဲသို့  သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနမှ   ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ၊   ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ   အလယ်တန်းနှင့် အထက်တန်းတို့မှ ကျောင်းသား ကျောင်းသူ ၁၅၂ ဦးနှင့် ဆရာမ ရှစ်ဦးတို့  တက်ရောက်ကြသည်။ ပညာရှင်တို့က    သိပ္ပံနှင့်နည်း ပညာ၊ နျူကလီးယားနှင့် အင်ဂျင် နီယာဘာသာရပ်များ၏ အရေး ပါမှုနှင့်   ဗဟုသုတများ၊    သိပ္ပံ ပညာရှင်ဖြစ်ရန် ဆောင်ရွက်သင့် သည်များကို  ရှင်းလင်းဆွေးနွေး ကြပြီး ကျောင်းသား  ကျောင်းသူ များက        သိလိုသည်များကို မေးမြန်းကြရာ   ပညာရှင်များက ပြန်လည်    ဖြေကြားကြသည်။ တစ်ဖန် ကျောင်းသား ကျောင်းသူ များအား     ဆွေးနွေးပွဲအပေါ် နားလည်သဘောပေါက်မှုနှင့် ရရှိ သည့် ဗဟုသုတများကို    အပြန် အလှန်အဖြစ် မေးမြန်းဆွေးနွေး ကြသည်။
ဂုဏ်ပြုဆုများ ပေးအပ်
ယင်းနောက် ဒုတိယဝန်ကြီး သည်     ဖြေဆိုမှုမှန်ကန်သော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး ကျောင်းသား    ကျောင်းသူများ ကို   ရင်းရင်းနှီးနှီး     နှုတ်ဆက် သည်။   
မွန်းလွဲပိုင်းတွင် နျူကလီးယား နည်းပညာ     သတင်းအချက် အလက်စင်တာတွင်    ပွဲတော်၏ သိပ္ပံနှင့် နျူကလီးယားနည်းပညာ ဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများတွင်    ပါဝင်ကူညီပေးကြပြီး ROSATOM   မှ    ချီးမြှင့်သည့် ၂၀၂၄ − ၂၀၂၅ ပညာသင်နှစ် ရုရှား ဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ် များတွင်    မဟာဘွဲ့ပညာသင် ဆုရရှိကြသူများအား  ဂုဏ်ပြုဆု များ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပရာ         ဒုတိယဝန်ကြီး က   ဆုများကို    ချီးမြှင့်ပေးအပ် သည်။
ဉာဏ်စမ်းဂိမ်းများယှဉ်ပြိုင်
ဆက်လက်၍     အဆိုပါ စင်တာ၌   ကျင်းပသော    DIY Science Session ၌ ROSATOM မှ တာဝန်ရှိသူများက သိပ္ပံဘာသာ ရပ်များဆိုင်ရာ စဉ်စားတွေးခေါ် နိုင်မှု၊    တီထွင်ဖန်တီးနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းရည် များကို    မြှင့်တင်ပေးနိုင်သည့် ဉာဏ်စမ်းဂိမ်းများကို   ယှဉ်ပြိုင် စေ‌ရာ     ဒုတိယဝန်ကြီးသည် ဝင်ရောက်ဆင်နွှဲသည့်   ကျောင်း သား ကျောင်းသူများကို လှည့်လည် ကြည့်ရှုအားပေးပြီး ထူးချွန်ဆုရရှိ သူများအား   ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ် သည်။ ထို့နောက်  အဆိုပါစင်တာ ရှေ့တွင် ကျောင်းသား ကျောင်းသူ များက ATOM စာလုံးကို   ပုံဖော် နေရာယူ၍  “May the Nuclear Force be with You” စာသားများ ရေးထိုးထားသော     အမှတ်တရ မိုးပျံပူဖောင်းများကို ကောင်းကင် သို့ လွှတ်တင်၍ သိပ္ပံပွဲတော် ၂၀၂၄ ကို အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း သိရသည်။
သတင်းစဉ်