ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ သိပ္ပံပွဲတော်၂၀၂၄ ကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၁၅


ရုရှားဖက်ဒရေးရှင်းနိုင်ငံ   နိုင်ငံပိုင် အဏုမြူစွမ်းအင်        ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့်  နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သိပ္ပံပွဲတော်  ၂၀၂၄  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်  ၉   နာရီတွင်   ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် နျူကလီးယား နည်းပညာ      သတင်းအချက်အလက် စင်တာများ၌ ကျင်းပသည်။


အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ    မျိုးသိန်းကျော်၊    ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ၊    မြန်မာနိုင်ငံ ဆိုင်ရာ          ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov နှင့် တာဝန်ရှိသူများ၊  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊   ဆရာ  ဆရာမများ၊ တက္ကသိုလ် ကျောင်းသား  ကျောင်းသူများ၊ အခြေခံပညာ  ကျောင်းသား ကျောင်းသူ များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။


ဦးစွာ        ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က   အဖွင့် အမှာစကား   ပြောကြားပြီး    ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov က   ဂုဏ်ပြုအမှာစကား     ပြောကြား၍ တက်ရောက်လာသူများနှင့်အတူ  စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ခင်းကျင်း ပြသထားသည့် ပြခန်းများကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။


အဆိုပါ    သိပ္ပံပွဲတော်ကို    ရန်ကုန် နည်းပညာတက္ကသိုလ်နှင့်     နျူကလီးယား နည်းပညာ         သတင်းအချက်အလက် စင်တာ၌ ဩဂုတ်  ၁၅  ရက်မှ   ၁၇  ရက် အထိ ၃ ရက် ကျင်းပပြုလုပ်ကာ အခြေခံ ပညာကျောင်းသား          ကျောင်းသူများ အတွက်  “Chronograph,    Nuclear Sprint, Bet Game” စသည့် နျူကလီးယား နှင့်   သိပ္ပံပညာဆိုင်ရာ    ဉာဏ်စမ်းဂိမ်း ယှဉ်ပြိုင်မှုများ၊    Interactive  Quiz ဉာဏ်စမ်းပဟေဠိအစီအစဉ်များ  ပြုလုပ် ပေးသွားမည်ဖြစ်ပြီး  ဆုများချီးမြှင့်ပေး သွားမည်ဖြစ်သည်။


ထို့ပြင် “မြန်မာနိုင်ငံတွင် SMRs ဖွံ့ဖြိုး တိုးတက်လာစေရေး     အပြန်အလှန် အသုံးချမှု” နှင့် စပ်လျဉ်းသည့် နျူကလီး ယားနှင့်ဆက်စပ်    Problem များကို ၂၄ နာရီအတွင်း   အကောင်းဆုံးအဖြေများ ပြန်လည်ဖြေကြားသည့်   Hackatom ပြိုင်ပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ပြီး      Public Discussion အစီအစဉ်တွင် နျူကလီးယား ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု    အခြေအနေကို အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်သွား မည် ဖြစ်သည်။


ဘွဲ့ကြို၊         ဘွဲ့လွန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊    လူငယ် ပညာရှင်များအထိ   နျူကလီးယားပညာ ရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံ ဗဟုသုတများ တိုးပွားလာ စေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေ ပြီး သိပ္ပံပညာဆိုင်ရာ အသစ်အဆန်းများ အား လေ့လာစူးစမ်းလိုစိတ်  ဖြစ်ပေါ်လာ စေခြင်း၊ ပညာရေးကဏ္ဍတွင်  လူငယ်များ ၏  စိတ်ဓာတ်ခွန်အားကို    မြှင့်တင်ပေး နိုင်ခြင်း၊   မီဒီယာများမှတစ်ဆင့်  နိုင်ငံ အတွင်း  နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ     ပြန့်ပွားလာမည်ဖြစ် သည့်အတွက်   နိုင်ငံတော်၏    သိပ္ပံနှင့် နျူကလီးယားစွမ်းအင်ကဏ္ဍ    ဖွံ့ဖြိုး တိုးတက်စေရေး     ဆောင်ရွက်ရာတွင် များစွာ  အထောက်အကူပြုနိုင်ခြင်းစသည့်  အကျိုးကျေးဇူးများ     ရရှိနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။    


သတင်းစဉ်