
နေပြည်တော် ဒီဇင်ဘာ ၂၆
သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာတွင် ငွေကျပ် သိန်း ၃၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းများသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် ည ၁၂ နာရီတွင် သာစည်မြို့နယ် ကလော-သာစည်သွားကားလမ်း ကျွဲတပ်ဆုံကျေးရွာ ပူးပေါင်းစစ်ဆေး ရေးစခန်းတွင် ကလောမှ သာစည်ဘက်သို့ စောသူရအောင် မောင်းနှင် လာသည့်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ တန်ဖိုးငွေကျပ် သိန်း ၃၁၀၀ ကျော်တန်ဖိုးရှိ ဘိန်း ၃၅၄ ကီလိုသိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်