သာကေတမြို့နယ် ၇/အရှေ့ ရပ်ကွက်ရှိ စာသင်ကျောင်းအား အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ

နေပြည်တော်   ဇန်နဝါရီ   ၂


PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက် ရှိသည်။ 


ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၇/အရှေ့  ရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းအနီး၌ လက်လုပ် မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့သည်။ ထိုသို့ ဖောက်ခွဲမှုကြောင့်  ခြံစည်းရိုးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ပေါက်ကွဲထား သည့် PVC ပိုက် အပိုင်းအစများတွေ့ရှိရပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှင့် ပေ ၂၀ ခန့်အကွာတွင် PVC ပိုက် တစ်ခုနှင့် ကီးပက်ဖုန်း တစ်လုံးတို့ကို ဝိုင်ယာကြိုးဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ် မိုင်း တစ်လုံးကို ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများ အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။        

   သတင်းစဉ်