
နေပြည်တော် ဇန်နဝါရီ ၂
PDFအမည်ခံအကြမ်းဖက်သမား များအနေဖြင့် အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေး အတွက် ဆောင်ရွက်ပေးလျက် ရှိသော စာသင်ကျောင်းများကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ် မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲ ခြင်းများ လုပ်ဆောင်လျက်ရှိ သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်၊(၇/အရှေ့) ရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်း အနီး လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့သည်။ ထိုသို့ ဖောက်ခွဲမှုကြောင့် ခြံစည်းရိုး အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ပေါက်ကွဲထားသည့် PVC ပိုက် အပိုင်းအစများ တွေ့ရှိရပြီး ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာနှင့် ပေ ၂၀ ခန့်အကွာတွင် PVC ပိုက် တစ်ခုနှင့် ကီးပက်ဖုန်း တစ်လုံးတို့ ကို ဝိုင်ယာကြိုးဖြင့် ချိတ်ဆက် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံးကို ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်း ဖက်မှုလုပ်ရပ်များကို ကျူးလွန်သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်