သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

 

 

နေပြည်တော် ဩဂုတ် ၂၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော် သတ္တသတ္တာဟစေတီတော် (သံဝေ ဇနိယလေးဌာန–ဖွား၊ ပွင့်၊ ဟော၊ စံ) ၌ ယနေ့နံနက် ၉ နာရီတွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက လင်းလွန်း ပင်ကို သတ်မှတ်နေရာတွင် စိုက်ပျိုး ပေးပြီးအမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ၊ သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇာနည်ဝင်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က မဟော်ဂနီပင်နှင့် အင်ကြင်းပင်များကို သတ်မှတ်နေရာ များတွင် စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ဝန်ထမ်းများ သစ်ပင် စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးသည်။

၂၀၂၀ ပြည့်နှစ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် လင်းလွန်း ပင်၊ အင်ကြင်းပင်၊ ငုရွှေပင်၊ ငုစပ်ပင်၊ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ မဟော်ဂနီ ပင်၊ ပိတောက်ပင် စသည့် အပင်အမျိုး အစား ၁၂ မျိုးကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

 

သတင်းစဉ်