
သာယာဝတီ ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အခြေခံ စက်ချုပ်နည်းပညာ သင်တန်း ဖွင့်ပွဲကို ဇူလိုင် ၁၅ ရက် နံနက်က သာယာဝတီမြို့နယ် သင်တောရိုး ကျေးရွာ သာသနာ့ဗိမာန်ဘုန်း တော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ထက်မျိုး အောင်က အမှာစကားပြောကြား ပြီး ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဖြိုး အောင်က အသေးစား စက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် အခြေခံ စက်ချုပ်နည်းပညာ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ သင်တန်း ပြီးဆုံးပါက ထူးချွန် သင်တန်းသား ငါးဦးအား စိစစ် ရွေးချယ်၍ လုပ်ငန်းတည်ထောင် နိုင်ရန် စက်ပစ္စည်းများကို ပေးအပ် မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တောရိုးကျေးရွာ အုပ်စုမှ သင်တန်းသူ ၁၅ ဦး တက်ရောက် ကာ သြဂုတ် ၁၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။ သန့်ဇော်(ပြန်/ဆက်)