
နေပြည်တော် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ဆင်မြီး ဆွဲ မြို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြု သည့် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် ည ၁၀ နာရီခွဲ က ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့ ကြို့ရပ်သာကျေးရွာနေ ဦးကံသိန်း(၅၅ နှစ်) (ဘ)ဦးစံတင်၏နေအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၏ အနောက်ဘက် မီးဖိုးချောင်အတွင်း ဦးကံသိန်း၏ သားဖြစ်သူ တင်ကိုဝင်း(၂၅ နှစ်) နှင့် ရှိုင်းကိုကို(၂၃ နှစ်) တို့သည် လက် လုပ် မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ရင်ဘတ်၊ ဝဲမျက်လုံး၊ ပေါင်၊ ယာလက်မောင်းနှင့် ကျောကုန်း မီးလောင်ပေါက်ပြဲဒဏ်ရာများ ရရှိထားသည် ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ ဆူပူ အကြမ်းဖက်မှုနှင့် အဖျက်အမှောင့်လုပ်ငန်း များတွင် အသုံးပြုသည့် အသုံးအဆောင် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။
အဆိုပါ ဒဏ်ရာရရှိသူ တင်ကိုဝင်းနှင့် ရှိုင်းကိုကိုတို့အား ဆေးဝါးကုသနိုင်ရေး အတွက် ဆင်မြီးဆွဲမြို့ တိုက်နယ်ဆေးရုံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပို့ဆောင်ပေးစဉ် ၎င်းတို့နှစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား