သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေး ကျရောက်နိုင်သည့်အတွက် ဒေသအလိုက်ဆောင်ရွက်ရမည့် တည်မြဲအမိန့်များ လက်ဝယ်ရှိမှသာ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်မည်

 

နေပြည်တော်    မေ    ၂၄ 


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်း အဝေး  (၁/၂၀၂၄) ကို  ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ   လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော် အရာရှိကြီးများ၊    ဌာနဆိုင်ရာအကြီးအကဲများနှင့်    တာဝန်ရှိသူများ တက်ရောက်ကြပြီး   တိုင်းဒေသကြီးနှင့်   ပြည်နယ်ဝန်ကြီးချုပ်များက    ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရည်ရွယ်ချက် ၄ ရပ်ဖြင့် ကျင်းပ
ဦးစွာ      အမျိုးသား     သဘာဝဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင်    ယနေ့ အစည်းအဝေးကို ရည်ရွယ်ချက် ၄ ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊၂၀၂၄ ခုနှစ်  ဧပြီ ၂၂ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့    အစည်းအဝေးအမှတ်စဉ်  (၄/၂၀၂၄)တွင် သဘာဝလွန်ဖြစ်ပေါ်လာ သည့်   ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်  အန္တရာယ်များနှင့် ပတ်သက်၍   နိုင်ငံတော်ဝန်ကြီးချုပ်က အစည်းအဝေးတွင် ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းနှင့်ပတ်သက်၍   ဆောင်ရွက်မည့် အခြေအနေများနှင့်  ဆက်လက်ဆောင် ရွက်ရမည့်   အခြေအနေများကို   ပထမ အချက်အနေဖြင့်   ညှိနှိုင်းဆွေးနွေးရန် ဖြစ်ကြောင်း၊   ဒုတိယအချက်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု  လုပ်ငန်းများနှင့်စပ်လျဉ်းပြီး    လုပ်ငန်း ကော်မတီ၊ ပြည်ထောင်စုနယ်မြေ နေပြည် တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်   သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များအကြား ကြိုတင်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည့်      ကိစ္စဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့်    အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများနှင့်    ဆက်လက် ဆောင်ရွက်ရမည့်     လုပ်ငန်းစဉ်များကို ဆွေးနွေးကြရန်ဖြစ်ကြောင်း၊    စတုတ္ထ အချက်အနေဖြင့်    အမျိုးသားသဘာဝ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ၏ ရန်ပုံငွေ ရရှိ/ သုံးစွဲ/ လက်ကျန်စာရင်း အတည်ပြုချက်ရယူရန်ဖြစ်ကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့  အစည်း အဝေးတွင်    နိုင်ငံတော်ဝန်ကြီးချုပ်က “သဘာဝလွန်ဖြစ်ပေါ်လာသည့် ရာသီဥတု ဖောက်ပြန်မှုဖြစ်စဉ်များကို  သင်ခန်းစာ ယူပြီး မိမိတို့နိုင်ငံတွင်  အလားတူမဖြစ် အောင် မည်သို့ကာကွယ်တားဆီးရမည် ဆိုသည်ကို စဉ်းစားပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ကြရန်” ဟု လမ်းညွှန် မှာကြားခဲ့ကြောင်း။
အမျိုးသား  သဘာဝဘေးအန္တရာယ်  ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်း တာဝန်        သတ်မှတ်ချက်တွင်လည်း  “ကော်မတီ၏    လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန်အတွက် လိုအပ် သောအဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ အဆင့်ဆင့်  သော လုပ်ငန်းများအနက်  အရေးကြီး သောလုပ်ငန်းများအား   မူဝါဒပေးခြင်း၊ ကော်မတီ၏  လုပ်ငန်းဆောင်ရွက်ချက် တိုးတက်မှုကို ပြန်လည်သုံးသပ်၍ လိုအပ် ချက်များကို ပြန်လည်ဖြည့်စွက် လမ်းညွှန် ခြင်း” ဆိုသည့်  လုပ်ငန်းတာဝန်တစ်ရပ် အဖြစ်ပါရှိကြောင်း။
၂၀၂၃-၂၀၂၄ ကာလအတွင်း ရာသီဥတုဖောက်ပြန်မှုများပို၍ ဖြစ်ပေါ်သည်ကို တွေ့ရ
ထို့ကြောင့် ပြီးခဲ့သည့်ကာလများတွင်  ဆောင်ရွက်ခဲ့သည့်      ကိစ္စများအပေါ် အားသာချက်၊ အားနည်းချက်များ ရယူပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ် များကို လုပ်ငန်းစဉ်များချမှတ်၍ အကောင်  အထည်ဖော်      ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊    သဘာဝဘေးအန္တရာယ်များ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍      ပြန်လည် သုံးသပ်ကြည့်ရမည်ဆိုပါက ၂၀၂၃-၂၀၂၄ ကာလအတွင်း  လူကြောင့်ဖြစ်သည်များ ရှိသော်လည်း    သဘာဝဘေးအန္တရာယ် ကြောင့်    ရာသီဥတုဖောက်ပြန်မှုများပို၍ ဖြစ်ပေါ်သည်ကို တွေ့ရကြောင်း။
မိမိတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံများသည်   လတ်တလောအနေဖြင့် အယ်လ်နီညိုနှင့်    လာနီညာဆိုသည့်   အစွန်းရောက်       ရာသီဥတုဖြစ်စဉ်များ၏  သက်ရောက်မှုကို တွေ့ကြုံခံစားနေရသည့်   အနေအထားရှိကြောင်း၊  အယ်လ်နီညို၊ လာနီညာတို့သည် ပုံမှန်ရာသီဥတုဖြစ်စဉ် များကို ဖောက်လွဲ၊ ဖောက်ပြန်ဖြစ်စေသည့် သဘာဝဖြစ်ရပ်များဖြစ်ကြပြီး  ပစိဖိတ် သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေဒေသများ ၏   ရာသီဥတုကိုသာမက  အာရှတိုက် တောင်ပိုင်း  ကမ်းခြေဒေသများသို့တိုင် ဆက်စပ်ပြီး   အစွန်းရောက်ရာသီဥတု အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များက ပြောကြားထားသည်ကိုတွေ့ရှိရကြောင်း။
ကမ္ဘာ့ပျမ်းမျှအပူချိန်သည် တစ်နှစ်ထက်
တစ်နှစ် ပိုပြီးမြင့်တက်လျက်ရှိ
ကမ္ဘာကြီးပူနွေးလာမှု    (Global Warming)ကြောင့် (၁၈၅၀-၁၉၀၀ ပြည့်  နှစ်) ကာလ၏ ကမ္ဘာ့ပျမ်းမျှအပူချိန်နှင့် လက်ရှိကာလ နှိုင်းယှဉ်ကြည့်ပါက ကမ္ဘာ့ ပျမ်းမျှအပူချိန်သည် တစ်နှစ်ထက်တစ်နှစ် ပိုပြီးမြင့်တက်လျက်ရှိပြီး  အယ်လ်နီညို ဖြစ်စဉ်များကြောင့် ကမ္ဘာကြီးပူနွေးလာမှု အပေါ် ဆင့်ကဲလွှမ်းမိုးမှုမှတစ်ဆင့် နှစ်စဉ် အပူချိန်မြင့်မားစွာ ခံစားနေရကြောင်း။
ကမ္ဘာ့နိုင်ငံများတွင် ၂၀၂၃ ခုနှစ် မေလ မှစတင်ကာ   အားအနည်းငယ်ရှိသည့် အယ်လ်နီညိုရာသီဥတု     ဖြစ်ပေါ်ခဲ့ပြီး  ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အားအသင့် အတင့်သို့လည်းကောင်း၊  ၂၀၂၃  ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလအထိ  အားကောင်းသော  အခြေ အနေသို့    ရောက်ရှိခဲ့သည့်ဖြစ်စဉ်ကို တွေ့ရကြောင်း၊ ၂၀၂၄ခုနှစ် မေလအထိ အားအနည်းငယ်ရှိသော အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး     ဇွန်လမှ အောက်တိုဘာလတို့တွင် ပုံမှန်ရာသီဥတု အခြေအနေသို့     ရောက်ရှိသွားမည်ဟု ကမ္ဘာ့ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်းထားကြောင်း။
အယ်လ်နီညိုရာသီဥတု 
သက်ရောက်မှုကြောင့် ရေလွှမ်းမှုများ
ကမ္ဘာနှင့်အဝန်း ခံစားနေရ
အဆိုပါ    အယ်လ်နီညိုရာသီဥတု အခြေအနေ၏     သက်ရောက်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်  ၂၀၂၃  ခုနှစ် အတွင်း အားအလွန့်အလွန်ကောင်းသော မုန်တိုင်းများတိုက်ခတ်ခြင်း၊ လေတိုက် နှုန်းပြင်းထန်မှုနှင့်  လေထုဖိအားကျဆင်းမှု များမှာ စံချိန်တင်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ ခြင်း၊ အင်အားပြင်းထန်သော ငလျင်ကြီး  များလှုပ်ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်း ခြင်း၊ ရေလွှမ်းမှုများဖြစ်ပေါ်ခြင်းများကို ကမ္ဘာနှင့်အဝန်း ခံစားနေရသည်ကို တွေ့ရ ကြောင်း။
ယင်းဖြစ်စဉ်နှင့်အတူ    ကမ္ဘာ့ရေခဲ တောင်ဒေသများတွင်လည်း ရေခဲတောင် များ    အရည်ပျော်ခြင်း၊   ဆီးနှင်းများ ထူထပ်စွာကျဆင်းခြင်း စသည့်ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်စဉ်များ ဖြစ်ပေါ် ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ် မေ ၁၄ ရက်တွင်   အားအလွန့်အလွန် ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ခဲ့ခြင်း၊ စိုက်ဆင်းလေပြင်းများ တိုက်ခတ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း။
ကမ္ဘာ့အပူချိန်အမြင့်ဆုံး(၁၅)မြို့တွင်
မြန်မာနိုင်ငံက မြို့များပါရှိ
ထို့ပြင် ၂၀၂၄ ခုနှစ် နွေရာသီကာလ တွင်လည်း အယ်လ်နီညိုရာသီဥတု အခြေ အနေသက်ရောက်မှုကြောင့်  ကမ္ဘာနှင့် အဝန်း ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင် ခြင်း၊ ရေရှားပါးခြင်း၊  တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ချော်ရည်ပူများ စီးဆင်းခြင်း၊        စိုက်ဆင်းလေပြင်း ကျရောက်ခြင်း၊  ရေကြီးရေလွှမ်းမိုးမှုနှင့် မိုးသီးကျခြင်းများဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့အပူ ချိန်အမြင့်ဆုံး   (၁၅)မြို့   စာရင်းတွင် မြန်မာနိုင်ငံက ချောက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦး    စသည့်မြို့များပါရှိသည်ကို ထုတ်ပြန်ချက်များအရ တွေ့ရကြောင်း။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏    တရားဝင်ထုတ်ပြန်ချက် များအရ  ၂၀၂၄ ခုနှစ် မေလအလယ်ထိ မိုးလေဝသ     တိုင်းထွာရေးစခန်းပေါင်း  (၃၀)ခန့်တွင်  တိုင်းတာခဲ့ရာ စုစုပေါင်း အကြိမ်(၅၀)ခန့် အပူချိန်စံချိန်သစ်များ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရပြီး   အပူချိန် မြင့်မားမှုကြောင့်   ဒေသအချို့တွင်   အပူ ပျံတက်တိမ်များမှတစ်ဆင့် မိုးတိမ်တောင် များဖြစ်ပေါ်ခဲ့ပြီး စိုက်ဆင်းလေပြင်းများ ကျရောက်ခြင်းကြောင့် လေယာဉ်ခရီးစဉ် များတွင်      အနှောင့်အယှက်များစွာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်း။
မုန်တိုင်းဝင်ရောက်မှု 
မရှိသော်လည်း စဉ်ဆက်မပြတ် သတိပေးခြင်းပြုလုပ်ရန် လိုအပ်
အာဆီယံဒေသအတွင်းတွင် သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ AHA Center မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့်  ၂၀၂၄ ဇန်နဝါရီလမှ မေလအထိ နှိုင်းယှဉ်ချက် များကို   ပြုစုထားရာတွင်  ၂၀၂၃ ခုနှစ် အတွင်း မြေငလျင်လှုပ်ရှားမှု၊  ရေကြီး ရေလွှမ်းမိုးမှု၊   မြေပြိုခြင်း၊   မီးတောင် ပေါက်ကွဲမှု စုစုပေါင်း ၈၂၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး   ၂၀၂၄ ဇန်နဝါရီလမှ    မေလအထိ  (၅)လတာ  ကာလအတွင်း ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊   ယင်းနှိုင်းယှဉ်ချက် များကို ကြည့်မည်ဆိုပါက  သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုကြိမ်နှုန်းများ   ပိုမို များပြားလာသည်ကို  တွေ့ရှိရကြောင်း၊ ဘေးသင့်အန္တရာယ်    ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ     ၂၀၂၃   ခုနှစ်တွင် အမေရိကန်ဒေါ်လာ  ၆၄၂ ဒသမ ၄ သန်း ဖြစ်ပြီး   ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း   ပျက်စီးဆုံးရှုံးသည်ကို  တွေ့ရ ကြောင်း၊   သဘာဝလွန်ဘေးအန္တရာယ် ဆိုင်ရာ နှိုင်းယှဉ်ဇယားအရ ဆိုးကျိုးအဖြစ် ဆုံးမှာ  ရေဘေးအန္တရာယ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း    မကြာမီတွင် မိုးရာသီကို ရောက်ရှိလာတော့မည်ဖြစ် သည့်အတွက်  ကြိုတင်ပြင်ဆင်ထားရန် လိုသည့်အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ခန့်မှန်း လျက်   အဝါရောင်အဆင့်   သတ်မှတ် ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းမှ         အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ လျက် မေလ ၂၆ ရက် ပတ်ဝန်းကျင်တွင် အိန္ဒိယနှင့်   ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း  ဝင်ရောက်နိုင်မှု၊  မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့်   ဧရာဝတီတိုင်းဒေသ  ကြီးအပါအဝင်     ကမ်းရိုးတန်းဒေသ တစ်လျှောက် မုန်တိုင်းအန္တရာယ် သတိ ပေးချက်များလည်း     ရှိနေပါကြောင်း၊  သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကလည်း ကြိုတင်သတိ ပေးမှု ၊ လိုအပ်သည့် ပြင်ဆင်မှုအချို့နှင့် ဇာတ်တိုက်လေ့ကျင့်မှုတို့ကိုလည်း မိုခါ မုန်တိုင်းနည်းတူ    ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊  မုန်တိုင်းဝင်ရောက်မှု မရှိသော်လည်း  မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ခြင်း၊    ကမ်းရိုးတန်းဒေသ တစ်လျှောက်  မိုးကြီးခြင်း၊    လေပြင်း ကျရောက်ခြင်းနှင့်        နောက်ဆက်တွဲ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ် လာနိုင်သည်ကိုလည်း   ကြိုတင်သုံးသပ် လျက်   ပြင်ဆင်ခြင်း၊   ဒေသခံများအား စဉ်ဆက်မပြတ် သတိပေးခြင်း ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြောကြားရာတွင်  ၂၀၂၃ ခုနှစ်တွင်    ကမ္ဘာနှင့်အဝန်း   ကြီးကျယ် စွာ       တောမီးလောင်ကျွမ်းမှုအနေဖြင့်  ဂါနာနိုင်ငံနှင့်  နိုင်ဂျီးရီးယားနိုင်ငံတို့တွင် ဖြစ်ပွားခဲ့ကြောင်း၊    ဂရိနိုင်ငံဒါဒီယာ အမျိုးသားဥယျာဉ်၏      မြေဟတ်တာ  ၁၇၅၀၀၀  အကျယ်မှာ  တောမီးအကြီး အကျယ်    လောင်ကျွမ်းမှုများကြောင့် တောရိုင်းတိရစ္ဆာန်များနှင့်    သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ  ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးရေလျှံမှု ဖြစ်စဉ်အနေဖြင့် ၂၀၂၃ ခုနှစ် မေလတွင် ကွန်ဂို၊ ချီလီ၊ ကယ်လီဖိုးနီးယား၊ ဘရာဇီး နိုင်ငံတို့တွင်    ဖြစ်ပွားခဲ့သည့်အတွက် လူဦးရေသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွား ခဲ့ရပါကြောင်း၊  မြေငလျင်လှုပ်ခတ်မှုအနေ ဖြင့် တူကီယဲနှင့် ဆီးရီးယားနယ်စပ်တွင် ရစ်ချ်တာစကေး ၇ ဒသမ ၈ လှုပ်ခတ် ခဲ့မှုကြောင့်    များစွာပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုအနေဖြင့်   ဂရိ၊   တူကီယဲ၊ လစ်ဗျား  စသည့်နိုင်ငံတို့တွင် ဖြစ်ပေါ် ခဲ့ကြောင်း။
မိုခါမုန်တိုင်းအန္တရာယ်ကို ထိခိုက်ဆုံးရှုံးမှု 
အနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့
မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလတွင်  မိုခါမုန်တိုင်း    တိုက်ခတ်မှုဖြစ်စဉ်အပေါ်  နိုင်ငံတော်ဝန်ကြီးချုပ်၏     ဦးဆောင် လမ်းညွှန်မှု၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များ၏ ကြိုတင်ပြင်ဆင်မှုများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့များ၏ ကြိုတင်ပြင်ဆင်မှု များ  ဆောင်ရွက်ခဲ့ခြင်း၊   ဇာတ်တိုက် လေ့ကျင့်ခဲ့ခြင်း၊ ဖြစ်စဉ်ဖြစ်ပွားစဉ်တွင် ဝန်ထမ်းအားလုံးမှ     ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက်      မိုခါ မုန်တိုင်းအန္တရာယ်ကို အချိန်တိုအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် အောင်မြင် စွာကျော်ဖြတ်နိုင်ခဲ့ပါကြောင်း၊  သဘာဝ ဘေးအန္တရာယ်ကို  မည်သူမျှတားဆီး၍ မရသည့်အတွက် မိုခါမုန်တိုင်း အပါအဝင် ယခင်ဖြစ်ပွားခဲ့သည့် အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်း၊  ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဖြစ်ပွားချိန်တွင်          အရေးပေါ်ကူညီ ကယ်ဆယ်ရေးနှင့်  တုံ့ပြန်မှုဆောင်ရွက် ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်း များကို   အချိန်နှင့်တစ်ပြေးညီ သတ်မှတ် လုပ်ငန်းစဉ်များအလိုက်    လျင်မြန်စွာ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း။ 
၂၀၂၂    ခုနှစ်က    ကျင်းပခဲ့သည့်  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ  (၁/၂၀၂၂)  အစည်း အဝေးတွင်အတည်ပြုထားသည့် သဘာဝ  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲ အမိန့်(၂၀၂၂) သည်   လုပ်ငန်းကော်မတီ အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို        သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊      အဆိုပါတည်မြဲအမိန့်နှင့် ပတ်သက်၍     အချို့ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးတို့မှ ပြုစုတင်ပြ ရန် ယခုအထိကျန်ရှိနေသည်ကို တွေ့ရပါ ကြောင်း၊    သို့ဖြစ်၍    မိမိတို့သဘာဝ  ဘေးအန္တရာယ်     စီမံခန့်ခွဲမှုကော်မတီမှ  ထုတ်ဝေပြီးဖြစ်သည့် ၂၀၂၂ ခုနှစ်၊  သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲ  အမိန့်(၂၀၂၂)အပေါ် အခြေခံလျက် အမြန် ဆုံးရေးဆွဲပြုစု၍တင်ပြရန်   တိုက်တွန်း ပါကြောင်း။
သဘာဝဘေးအန္တရာယ်သည် အချိန် အခါမရွေး  ကျရောက်နိုင်သည့်အတွက် ဒေသအလိုက်ဆောင်ရွက်ရမည့် တည်မြဲ အမိန့်များ လက်ဝယ်ရှိမှသာ သဘာဝဘေး အန္တရာယ်ကျရောက်ချိန်တွင်  အချိန်နှင့် တစ်ပြေးညီ      ဆောင်ရွက်နိုင်မည်ဖြစ်  ကြောင်း၊ သို့မှသာ နောင်ပြောင်းလဲလာ မည့်   အစိုးရအဆက်ဆက်တွင်လည်း ထုတ်ပြန်ထားသည့်  တည်မြဲအမိန့်များ အပေါ်လေ့လာပြီး လုပ်ငန်းစဉ်များအား  သိရှိဆောင်ရွက်နိုင်မည်   ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး  သဘာဝဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် အမြန်ဆုံးရေးဆွဲထားကြရန်လိုကြောင်း။
သဘာဝဘေးအန္တရာယ်   စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေသုံးစွဲမှုနှင့်  စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က   မူဝါဒချမှတ် ပေးပြီးဖြစ်ကြောင်း၊    အဓိကအားဖြင့် သဘာဝဘေးနှင့်   စပ်လျဉ်း၍   ရေကြီး ရေလျှံမှုဖြစ်ပွားသည်ဖြစ်စေ၊  လေပြင်း မုန်တိုင်းတိုက်ခတ်မှု ဖြစ်ပွားသည်ဖြစ်စေ၊ ခိုလှုံရန်  အဆောက်အဦ၊  ဆိုင်ကလုန်း Shelter များကို  ပင်လယ်ကမ်းရိုးတန်း နှင့်     လေပြင်းတိုက်ခတ်လေ့ရှိသည့် တောင်ပေါ်ဒေသများတွင် တည်ဆောက် ပေးထားပါကြောင်း၊   ရန်ပုံငွေသုံးစွဲမှုကို လည်း  သက်ဆိုင်ရာ   ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့် စိစစ်တင်ပြခဲ့မှုအပေါ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က    ရန်ပုံငွေမှ ဖြတ်တောက်မှုမရှိဘဲ   ချို့ယွင်းချက်မရှိ ခွင့်ပြုပေးထားပါကြောင်း၊    ယင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အနေဖြင့် ပြည်သူ များ သဘာဝဘေးအန္တရာယ်မှ အသက် ဆုံးရှုံးမှုမရှိစေရေး    ရည်ရွယ်ဆောင်ရွက် ပေးခြင်းဖြစ်သည့်အတွက်  သက်ဆိုင်ရာ  တိုင်းဒေသကြီးနှင့်   ပြည်နယ်   သဘာဝ ဘေးအန္တရာယ်  စီမံခန့်ခွဲရေးအဖွဲ့များမှ  တာဝန်ရှိသူများအနေဖြင့်   အဆောက် အဦများပြီးစီးမှု၊      ရေရှည်ခိုင်ခံ့မှုနှင့် အရည်အသွေးတို့   ကောင်းမွန်ရေးတို့ အတွက်  ဝါယမစိုက်ထုတ်ပြီး ကြီးကြပ် ဆောင်ရွက်ပေးရန်လိုကြောင်း။
အမျိုးသား  သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဝန်ကြီး ဌာနများနှင့်  တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ များမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေး   လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များအပေါ် အကြံပြုဆွေးနွေးပေးကြရန် လိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ   ဖြစ်ကြသည့်   ဒုတိယဗိုလ်ချုပ်ကြီး        ရာပြည့်နှင့် ဒေါက်တာစိုးဝင်းတို့က   သဘာဝဘေး အန္တရာယ်မကျရောက်မီ  အသိပညာပေး ခြင်းလုပ်ငန်းစဉ်များနှင့် ကျရောက်လာ ပါက   တုံ့ပြန်ရေး၊  ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး   လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်      ကြိုတင်ပြင်ဆင် ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။ 
ယင်းနောက်   ကော်မတီအတွင်း ရေးမှူး   ဒုတိယဝန်ကြီး   ဦးစိုးကြည်က ယခင်  အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်    ဆောင်ရွက်ပြီးစီးမှုများနှင့် ကော်မတီ၏    ရန်ပုံငွေ   ရရှိ/သုံးစွဲ/လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေများနှင့်  ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းပိုင်းဆိုင်ရာများနှင့်  ဆောင်ရွက်ပြီးစီးမှုများ၊   သဘာဝဘေး အန္တရာယ် ကျရောက်လာပါက အရေးပေါ်    ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက်   ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်  ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန   ညွှန်ကြားရေးမှူး ချုပ်က         ဘင်္ဂလားပင်လယ်အော်  အလယ်ပိုင်းတွင်  ဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းငယ်နှင့် ပတ်သက်၍  ရှင်းလင်းတင်ပြသည်။
ယင်းနောက်      လုပ်ငန်းကော်မတီ အတွင်းရေးမှူး  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က   အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး  (၁/၂၀၂၄) ဆုံးဖြတ်ချက်များကို ဖတ်ကြား တင်ပြပြီး ကော်မတီ၏ အတည်ပြုချက် ရယူသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ဆက်လက်၍        အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ        စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က    လိုအပ်သည်များကို  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး  နိဂုံးချုပ်အမှာ စကားပြောကြားကာ   အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။                    
 သတင်းစဉ်