
ထွန်းကျော်
လေပြင်းတိုက်သံတွေကို ကျွန်တော် ကြောက်မက်ဖွယ်အတိုင်းသား ကြားနေရတယ်။ တဝေါဝေါနဲ့ လေတိုက်သံတွေက ကျွန်တော်တို့အိမ်ရဲ့သွပ်တွေကို ခွာနေသလိုပါပဲလို့ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီး ခုနစ် နာရီကြာပြီးနောက်မှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း လာပူ-လာပူမြို့က ဒေသခံတစ်ဦးဖြစ်တဲ့ အာဆန်ဗီလက်စ်ကိုက လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook မှာ ပြောကြားလိုက်ပါတယ်။
လူပေါင်း ၃၁ ဦးသေဆုံး
ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ကြောင့် မြစ်ချောင်းတွေ ရေတွေလျှံပြီး အနိမ့်ပိုင်းတွေ ရေကြီးနစ်မြုပ်ကုန်ကြ ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ် ပါဘူး။ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ မင်ဒါနာအိုမြောက်ပိုင်းမှာရှိတဲ့ မြို့တွေ ကျေးရွာတွေလည်း မုန်တိုင်းကြောင့် အတော်လေးပျက်စီးခဲ့ပါတယ်။ တိုင်ဖွန်း မုန်တိုင်းကြောင့် လူပေါင်း ၃၁ ဦးလည်း သေဆုံးခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၃၁ ဦးရှိကြောင်း သတင်းဖော်ပြမှုအနက် လေးဦးသာ အတည်ပြုနိုင်ခဲ့တယ်လို့ အမျိုးသားသဘာဝဘေးဒုက္ခ လျှော့ချ ရေးနဲ့ စီမံခန့်ခွဲရေးကောင်စီက ဖော်ပြခဲ့ ပါတယ်။ အမျိုးသားရဲအဖွဲ့ကတော့ အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့သော်လည်း အသေးစိတ်အချက် အလက်ကိုတော့ မဖော်ပြခဲ့ပါဘူး။
ကယ်ဆယ်ရေးတွေပြုလုပ်
အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းရဲ့ ပြင်းထန်တဲ့ လေတိုက်အားကြောင့် သစ်ပင်တွေ အမြစ်ကပါ ကျွတ်ထွက် ကုန်ကြပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ လည်း ပြိုလဲပျက်စီးကုန်ကျပါတယ်။
မုန်တိုင်းရဲ့အရှိန်ကြောင့် တချို့ နေရာတွေမှာ ရေတွေကြီးကာ ရေတွေ ဟာ ရင်စို့လောက်အထိ ရောက်နေ ကြသလို တချို့နေရာတွေမှာဆိုရင် ရေတွေဟာ ဒူးလောက်အထိ ရှိပါတယ်။ တချို့ရေကြီးတဲ့ ဒေသတွေမှာဆိုရင် အိမ်ခေါင်မိုးလေးတွေပဲ မြင်ရပါတော့ တယ်။ ဒါက ရေဘေးကယ်ဆယ်သူတွေ ကို ရော်ဘာလှေတွေ အသုံးပြုရုံတင်မက ကြိုးတစ်ချောင်းနဲ့ အန္တရာယ်ရှိတဲ့ အနိမ့် ပိုင်းမှာ ရောက်နေတဲ့သူတွေကို လိုက် ကယ်ဖို့ရာ တွန်းအားတွေဖြစ်စေခဲ့ပါ တယ်။ ကယ်ဆယ်ရေးသမားတွေဟာ ရေဘေးကြုံတွေ့နေသူတွေကို လိုက် ကယ်ပြီး သူတို့ကို အန္တရာယ်ကင်းတဲ့ ကုန်းမြင့်ဒေသတွေဆီကို ပို့ဆောင်ပေး ကြပါတယ်။
ဆက်သွယ်ရေးတွေပြတ်တောက်
ဘိုဟောဆိုရင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကို အဆိုးဆုံးခံစားခဲ့ ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တချို့ ဒေသခံတွေဆိုရင် မုန်တိုင်းအရှိန်ကြောင့် ရေနစ်မြုပ်နေပြီဖြစ်တဲ့ သူတို့ရဲ့ အိမ်ခေါင် မိုးလေးတွေပေါ်မှာထိုင်ပီး ကယ်ဆယ် ရေးသမားတွေကို စောင့်မျှော်နေကြ ရပါတယ်။
မုန်တိုင်းကျရောက်နေတဲ့ မုန်တိုင်း ဒဏ်ခံ ဒုက္ခသည်တွေဟာ သူတို့ရဲ့ဆွေမျိုးတွေဆီဆက်သွယ်ဖို့ ခက်ခဲ နေကြပါတယ်။ ဆက်သွယ်ရေးတိုင်တွေ နဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်သွားတဲ့အတွက် သူတို့ဟာ ဆက်သွယ်ဖို့ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။
ဘိုဟောအုပ်ချုပ်ရေးမှူး အာသာ ယက်ပ်က ဆက်သွယ်ရေးတွေ ပြတ်တောက်ခြင်းက တိုင်ဖွန်းမုန်တိုင်း နဲ့ပတ်သက်တဲ့ အခြေအနေတွေကို လျင်မြန်စွာ ခန့်မှန်းအကဲဖြတ်မှုတွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်စေခဲ့ပါတယ်။
အရေးပေါ်ကပ်ဘေးအခြေအနေ
ကြေညာချက်ကို လက်မှတ်ရေးထိုး
ဘိုဟောအုပ်ချုပ်ရေးမှူး အာသာ ယက်ပ်က ဒေသအစိုးရဟာ မိသားစု ၁၃၀၀၀ ကျော်ကို စိုးရိမ်ရတဲ့နေရာက နေ ရွှေ့ပြောင်းကယ်ဆယ်ရေးစခန်းကို ရွှေ့ပေးခဲ့တယ်လို့ ပြောပါတယ်။ သို့သော် လည်း မုန်တိုင်းကြောင့် ဆုံးရှုံးပျက်စီး မှုတွေ ပိုများလာတဲ့အတွက် ဒီ အရေ အတွက်ထက် ပိုများဖို့ပဲ ရှိပါတယ်လို့ သူက ပြောပါတယ်။
အာသာယက်ပ်က ပြည်နယ်တစ်ခုလုံး အတွက် အရေးပေါ်ကပ်ဘေးအခြေအနေ ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း ပြောပါတယ်။
မုန်တိုင်းကြောင့် လုံးဝကိုပျက်စီး
ဒီနာဂတ်ကျွန်းစု အုပ်ချုပ်ရေးမှူး ကာကာဘတ်အောင်က တိုင်ဖွန်း မုန်တိုင်း Rai ဟာ ဘာမှမကျန်တော့ အောင် ဖြိုဖျက်လိုက်တယ်လို့ ပြောပါ တယ်။ လျှပ်စစ်ဓာတ်အားတွေ ပြတ် တောက်ပြီး ဆက်သွယ်ရေးလိုင်းတွေ လည်း ပြတ်တောက်ခဲ့တယ်လို့ သူက ပြောပါတယ်။ အိမ်တွေ ဆုံးရှုံးခဲ့တယ်။ နံရံတွေနဲ့ ခေါင်မိုးတွေလည်း ပျက်စီးပြီး စက္ကူလေးတစ်ရွက်လို လေနှင်ရာ လွင့်ကုန်ပါတော့တယ်။
မုန်တိုင်းသင့်ဒေသတွေလို့ ခေါ်ရ မယ့် နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာရှိတဲ့ အများပြည်သူ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ လမ်း တွေပေါ်မှာ လဲကျနေတဲ့ သစ်ပင်တွေနဲ့ အပျက်အစီးအပိုင်းအစတွေကို ရှင်းလင်း ဖို့ အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်ခဲ့ ကြပါတယ်။ လျှပ်စစ်ဓာတ်အားလိုင်း တွေနဲ့ ဆက်သွယ်ရေးလိုင်းတွေကိုလည်း ပြန်လည်ကောင်းမွန်အောင် ပြုပြင်ခဲ့ ကြပါတယ်။
နိုင်ငံခြားသားခရီးသွားတွေ အပါ အဝင် ဆိုင်ရာဂိုကျွန်းရဲ့လူဦးရေအားလုံး ရက်စက်ပြင်းထန်တဲ့ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ကြပါတယ်။ နိုင်ငံ ခြားသားခရီးသွားတွေအတွက် ဆွဲဆောင် စရာနေရာဖြစ်တဲ့ ဒီဒေသဟာ မုန်တိုင်း ကြောင့် လုံးဝကို ပျက်စီးခဲ့ပါတယ်။
အတော်လေး ဘေးဒုက္ခရောက်
Rai ဟာ အဲဒီဒေသကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ဝင်ရောက် တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အများဆုံး လေတိုက်နှုန်းဟာ တစ်နာရီကို ၁၉၅ ကီလိုမီတာရှိပြီးတော့ အလယ်ဗဟိုချက် မှာဆိုရင် လေတိုက်နှုန်းဟာ တစ်နာရီကို ၂၄၀ ကီလိုမီတာဖြစ်ပါတယ်။ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။
တွဲဖက်အတွင်းရေးမှူး ဂျူဆန်ဗင်း ဆင့်အာဆီနာက သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဆာရာကိုဟာ မုန်တိုင်းကြောင့် လုံးဝကို ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။
သူတို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပါတယ်။ အမျိုးတွေနဲ့ ခုချိန်အထိ အဆက်အသွယ်မရသေးပါဘူးလို့ သူက ပြောပါတယ်။ မုန်တိုင်းကြောင့် မြေပြို မှုတွေနဲ့ လျှပ်တစ်ပြက်ရေကြီးမှုတွေ ဟာ မိုးရာသီမှာ ဖြစ်ပွားလေ့ရှိပေမယ့် ဒီတစ်ခါကတော့ အတော်လေး ဘေးဒုက္ခ ရောက်ခဲ့ကြပါတယ်။
သူများနိုင်ငံတွေထက် ပိုပြီးကြုံတွေ့
ကမ္ဘာပေါ်မှာ ဖိလစ်ပိုင်နိုင်ငံဟာ သဘာဝဘေးဒုက္ခတွေကို အများဆုံး ကြုံတွေ့ရာ နိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်။ အထူးသဖြင့် ပစိဖိတ်ငလျင်ကြောနဲ့ ပစိဖိတ်တိုင်ဖွန်းမုန်တိုင်း ပတ်လမ်း ကြောင်းမှာရှိတဲ့အတွက် အခုလို ဘေးဒုက္ခ တွေသူများနိုင်ငံတွေထက် ပိုပြီးကြုံတွေ့ နေရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကလည်း သဘာဝဘေးအန္တရာယ် ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၃၃၀၀၀ သေဆုံးခဲ့ပြီး သန်းပေါင်း ၁၂၀ ကျော် သဘာဝဘေးအန္တရာယ် ဆိုးရွား စွာ ကျရောက်ခဲ့ရတယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။
ကိုးကား ဆင်ဟွာ