
ရန်ကုန် ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နယ်မြေခံ သင်တန်းကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦး၊ နယ်မြေခံသင်တန်း ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူး ချုပ် မျိုးမင်းသန်းနှင့် တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ နည်းပြများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ကျောင်းအုပ်ကြီးနှင့် သင်တန်းဆင်း တပ်ခွဲများက နိုင်ငံတော်အလံအား အလေးပြု ကြသည်။ ထို့နောက် ကျောင်းအုပ် ကြီးက သင်တန်းဆင်းတပ်ခွဲများ ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်း တပ်ခွဲများအား လိုက်လံစစ်ဆေးသည်။
ယင်းနောက် ကျောင်းအုပ်ကြီး က စံပြတပ်သားဆု၊ စစ်ရေးပြ ထူးချွှန်ဆု၊ လက်ဖြောင့်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ စစ်သည်တော် ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံး ဆု ရရှိသူများကို ဆုများချီးမြှင့် သည်။
ထို့နောက် နယ်မြေခံသင်တန်း ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်းက အဖွင့် မိန့်ခွန်းပြောကြားရာ တပ်မတော် သည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူများအရှေ့တွင် မားမား မတ်မတ်ရပ်တည်ပြီး သစ္စာရှိစွာ ကာကွယ် စောင့်ရှောက်ခဲ့သည်ကို သမိုင်းမှတ်တမ်းတွင် အထင် အရှား ရှိခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်၏ ကောင်း မြတ်သည့် အစဉ်အလာကောင်း များ လက်ဆင့်ကမ်းပြီး သစ္စာ လေးချက်ကို အသက်နှင့်ထပ်တူ စောင့်ထိန်း၍ အနာဂတ်တပ်မတော် နှင့် နိုင်ငံတော်အတွက် အားကိုး အားထားရသော တပ်မတော်သား များဖြစ်အောင် အစဉ်ကြိုးစား ဆောင်ရွက်ကြရန် ပြောကြား သည်။ ထို့နောက် ကျောင်းအုပ်ကြီး အား သင်တန်းဆင်းတပ်ခွဲများက ချီတက်အလေးပြုကြသည်။
သင်တန်းတွင် သင်တန်းသား များအား ကိုယ်လက်ကြံ့ခိုင်ရေး ဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ စစ် နည်းဗျူဟာဘာသာရပ်၊ စစ် မြေပြင် အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင် အုပ်ချုပ်မှုဘာသာရပ်၊ အထွေထွေ ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရ သည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)