
နေပြည်တော် ဇွန် ၂၉
ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁၈ ရက်အထိ ကာလအတွင်း ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ အတွင်း မသမာသူများမှ သစ်တောဝန်ထမ်းများကို ရန်ပြု တိုက်ခိုက်ခြင်း၊ သစ်တောရုံးများ၊ သစ်တောဘိနယ်စခန်းများ မီးရှို့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးသစ်များနှင့် ယာဉ်/ယန္တရားများ၊ ဆက်စပ် ပစ္စည်းများ လုယက်ယူဆောင် ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သစ်တော စိုက်ခင်းများမှ ကျွန်းပင်များ ခုတ်လှဲခိုးယူခြင်းဖြစ်စဉ်များ (၂၆)ကြိမ် ဖြစ်ပွားခဲ့သည်။
ထိုသို့ အကြမ်းဖက်တိုက်ခိုက် လုယက်၊ ဖျက်ဆီးမှုများကြောင့် သစ်တောဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံပိုင် အဆောက်အအုံ ကိုးလုံး၊ ပုံစံ(၈)ဝင် သစ်/ဖမ်းဆီးသစ် (ကျွန်း/ သစ်မာ/အခြား) ၄၈၉ တန်ခန့်၊ မော်တော်ယာဉ် သုံးစီး၊ ဆိုင်ကယ် ၁၈ စီး၊ လက်ကိုင်စက်လွှ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ ဘက်ထရီ အိုး ကိုးလုံး၊ အင်ဂျင် ရှစ်လုံး၊ ဆက်စပ်ပစ္စည်း ၅၀ ၊ ဒိုင်နမို နှစ်လုံး၊ သက်ကြီးစိုက်ခင်းဟောင်း ၁၂ ခုမှ ကျွန်းပင် ၉၀၃၉ ပင်၊ ပျိုးဥယျာဉ် နှစ်ခုမှ (ကျွန်း/ မန်ဂျန် ရှား) ပျိုးပင်ပေါင်း ၃၀၀၀၀ ၊ ကျေးရွာသုံးထင်း စိုက်ခင်း (ယူကလစ်/မဲဇလီ) ဧက ၂၀ တို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေ(၃၄၅, ၁၅၈,၂၀၁)ကျပ် ဆုံးရှုံးခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။
သတင်းစဉ်