
ဆစ်ဒနီ နိုဝင်ဘာ ၂၈
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ တောင်အာဖရိက နိုင်ငံမှ ပြန်လာသောခရီးသည်နှစ်ဦးတွင် အိုမီခရွန် (Omicron)ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရမှု ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့ ကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့ ပြောကြားသည်။
နိုဝင်ဘာ ၂၇ ရက်က တောင်အာဖရိကနိုင်ငံမှ ထွက်ခွာလာပြီး ဆစ်ဒနီမြို့၌ ဆင်းသက်သော ခရီးသည်နှစ်ဦးကို အရေးပေါ်စစ်ဆေးခဲ့ပြီးနောက် နှစ်ဦးစလုံးတွင် အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံရ သည်ကို အတည်ပြုခဲ့ကြောင်း နယူးဆောက်ဝေး ပြည်နယ် ကျန်းမာရေးအာဏာပိုင်များက ပြောကြား သည်။
အဆိုပါခရီးသည်နှစ်ဦးစလုံးသည် ကာတာ လေကြောင်းလိုင်းဖြင့် တောင်အာဖရိကနိုင်ငံမှ ထွက်ခွာလာပြီး ကာတာနိုင်ငံဒိုဟာမြို့မှတစ်ဆင့် သြစတြေးလျနိုင်ငံကို ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း နယူးဆောက်ဝေးလ် ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ သြစတြေးလျနိုင်ငံသို့ ရောက်ရှိခဲ့ ပြီးနောက် အရေးပေါ်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလူနာနှစ်ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူခဲ့ပြီးသူများ ဖြစ်ပြီး လတ်တလောအချိန်တွင် ကျန်းမာရေးဆိုင်ရာ အထူးစောင့်ကြည့်ရေးစင်တာတွင် သီးခြားစောင့်ကြည့် မှုခံယူလျက်ရှိသည်။
သြစတြေးလျနိုင်ငံသည် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော လူနာနှစ်ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တောင်အာဖရိကနှင့် ဇင်ဘာဘွေနိုင်ငံအပါအဝင် အာဖရိကနိုင်ငံကိုးနိုင်ငံမှ လေကြောင်းလိုင်းများကို ပိတ်ပင်တားမြစ်လိုက် သည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ