
ကန်ဘာရာ ဒီဇင်ဘာ ၉
သြစတြေးလျနိုင်ငံသား ၇၀ ရာခိုင်နှုန်းကျော် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုခံယူချင်ကြောင်း သုတေသနစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ သုတေသနပညာရှင် များက ဒီဇင်ဘာ ၉ ရက်တွင် ၎င်းတို့၏ နောက်ဆုံးတွေ့ရှိချက် ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ သုတေသနပြုလုပ် ချက်အရ ၇၁ ဒသမ ၉ ရာခိုင်နှုန်း အထက်ရှိ ပါဝင်ဖြေကြားသူ များသည် အကယ်၍ ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေးထိုး ခွင့်ရပါက ထိုးချင်ကြောင်း ဖြေကြားခဲ့သည်။
သို့သော်လည်း တချို့လူများ မှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်းနှင့် ပတ်သက်ပြီး စဉ်းစားလျက် ရှိကြောင်း သိရသည်။
အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက်ရှိ သြစတြေးလျ နိုင်ငံသားများနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ထားပြီး ခြောက်လကြာသူများ ထိုးနှံနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၈ ရက်အထိ အသက် ၁၆ နှစ်အထက် ၉၃ ဒသမ ၁ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ် ထိုးနှံပြီးပြီဖြစ် ကြောင်းသိရပြီး ၈၈ ဒသမ ၇ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ် ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ် ကြောင်း သိရသည်။
ဆင်ဟွာ