“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အခမ်းအနားပိတ်ပွဲ ကျင်းပ

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အခမ်းအနားပိတ်ပွဲ ကျင်းပ
 
====================================
ရန်ကုန် ဖေဖော်ဝါရီ ၆
 
မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင် များအသင်းက ဦးဆောင်၍ ကယား ပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင် များအသင်းမှ ကြီးမှူးကျင်းပသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပ သည်။
 
ပိတ်ပွဲအခမ်းအနားတွင် “သွေးချင်း တို့ရဲ့မြေ” Theme song ကို နောက်ခံ ဗီဒီယိုဖြင့် တင်ဆက်ပြသသည်။
 
တက်ရောက်
 
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး၊ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၏ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်း သားလူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း ဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ တိုင်းရင်းသား အသင်းအဖွဲ့များ၊ ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် အထူးဖိတ်ကြားထား သည့်ဧည့်သည်တော်များ တက်ရောက် ကြသည်။
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုပွဲတော်မှ “မငြိမ်းချမ်းလို့ မဖြစ်ဘူး”ဆိုသည့် အသံကို မိမိတို့ ထပ်မံကြားသိရပါ ကြောင်း၊ ယခုပွဲတော်မှ အမြောက်သံ၊ ဗုံးသံ၊ သေနတ်သံအစား တိုင်းရင်းသား တေးသံများကို မိမိတို့ကြားခဲ့ရပါ ကြောင်း၊ ရောင်စုံပန်းများ ဖူးပွင့်နေ သည့် ပန်းဥယျာဉ်ကြီးဆီသို့ ရောက်ရှိ နေသည့်အလား တိုင်းရင်းသားတို့၏ ရိုးရားယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု နှင့် အသုံးအဆောင်ပစ္စည်းတို့ကို တဝကြီး ကြည့်ရှုခံစားခွင့်ရပါကြောင်း၊ မိမိတို့၏ တိုင်းရင်းသားဒေသ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေမည့် ခရီး သွားလုပ်ငန်း အလားအလာကောင်း တို့ကို မျှော်မှန်းခွင့်ရရှိခဲ့ပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို ဖော်ဆောင်ခွင့်ရရှိခဲ့ပါ ကြောင်း၊ ယခုပွဲတော်၏ ရလဒ်အပေါ် နိုင်ငံတော်အကြီးအကဲများနှင့်တကွ တိုင်းရင်းသားများအားလုံး နှစ်ထောင်း အားရကျေနပ်မှုရရှိခဲ့ကြောင်းကိုလည်း ကြားသိရပါကြောင်း။
 
သမိုင်းဝင်နေရာတစ်ခုဖြစ်
 
အားလုံးသိကြသည့်အတိုင်း ယခင် က ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပလာခဲ့သည့် ကျိုက္ကဆံကွင်းကြီး သည် သမိုင်းဝင်နေရာတစ်ခုဖြစ်သကဲ့ သို့ တိုင်းရင်းသားများ၏ ရိုးရာယဉ် ကျေးမှုကို ဖော်ထုတ်ပြသခွင့်ရှိသော ရန်ကုန်မြို့၏ အသည်းနှလုံးဘူမိနက် သန်မြေနေရာလည်း ဖြစ်ပါကြောင်း၊ ယခုလို ရာဇဝင်တွင်သည့် နေရာမှာ ခုနစ်ရက် ခုနစ်ညတိုင်တိုင် သွေးချင်း တို့ရဲ့ပွဲတော်အခမ်းအနားကို ပျော်ပျော် ပါးပါး လွတ်လွတ်လပ်လပ်ကျင်းပခွင့် ရရှိခဲ့သော်လည်း နှစ်(၇၀) ကျော် ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ် ကို လုံးဝချုပ်ငြိမ်းသွားအောင် ယခုအချိန် တွင် မလုပ်ဆောင်နိုင်သေးကြောင်း၊ ယခုအချိန်တွင် မလုပ်ဆောင်နိုင်သေး သော်လည်း အနာဂတ်တွင်လုပ်ဆောင် နိုင်မည့် စစ်မှန်သည့်ငြိမ်းချမ်းရေးသာ ရရှိခဲ့ပါက မပူမပင်၊ မကြောင့်ကြရဘဲ ယခုလိုမျိုး အေးချမ်းသာယာသည့် ငြိမ်းချမ်းရေး အသီးအပွင့်များကို မြင်တွေ့ခွင့်ရရှိနိုင်မည်ဆိုသည့် အသိ တရားတစ်ခုကိုလည်း စစ်ရေးစစ်ရာ တွင် ပါဝင်ပတ်သက်နေသူများအားလုံး နှင့် ပြည်သူလူထု၏ ရင်ထဲသို့အရောက် ထည့်ခွင့်ရရှိသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြော ကြားသည်။
 
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြု ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ မြန်မာ နိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးယောဆက်နှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းကျော်တို့က ပွဲတော်ကျင်းပ ရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင် စကားများ ပြောကြားကြသည်။
 
ပေးအပ်လှူဒါန်း
 
ဆက်လက်၍ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းအတွက် အလှူငွေကျပ်သိန်း ၅၀ ကို ကယား ပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းကျော်က ပေးအပ်လှူဒါန်းသည်။
ထို့နောက် “သွေးချင်းတို့ရဲ့ပွဲတော် ဆီ” ပွဲတော်အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ ကြသည့် ကုမ္ပဏီများအား တာဝန်ရှိ သူများက ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် အမှတ်တရဆုတံဆိပ်လက်ဆောင် များ ပေးအပ်သည်။
 
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ကယား ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဝန်ကြီးများ၏ ဇနီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုဥက္ကဋ္ဌနှင့်ဇနီး၊ ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့နှင့် လည်းကောင်း၊ ကယားတိုင်းရင်းသား လုပ်ငန်းရှင်များ၏ အလုပ်အမှုဆောင် များ၊ ကိုယ်စားပြုစပွန်စာ ကိုယ်စား လှယ်များနှင့်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များနှင့်လည်းကောင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆုများချီးမြှင့်
 
ထို့နောက် ဖျော်ဖြေရေးအစီအစဉ် များဖြင့် ဖျော်ဖြေတင်ဆက်ပြီး 2020 Miss Myanmar Ethnic ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းရင်းသူ လှပျိုဖြူလေးများအား ဆုများချီးမြှင့် ပေးအပ်သည်။
“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် ကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ခုနစ်ရက်တိုင်တိုင် ကျင်းပလျက်ရှိပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုများရရှိစေရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုများ တိုးတက်ဖြစ်ထွန်း စေရန်၊ ရိုးရာအစားအစာများနှင့် ယဉ်ကျေးမှုများ အချင်းချင်းဖလှယ် ကြရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်