(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး သိမ်းဆည်းရမိ

 

နေပြည်တော်   မေ   ၂၅


တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်     တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ    ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး      ဆောင်ရွက်လျက်ရှိရာ မေ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့်   ထီးတန်းဆိပ်ကမ်း  ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှု များ   ဆောင်ရွက်ခဲ့ရာ   သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး    လာရောက်ထုတ်ယူခြင်း မရှိဘဲ  ပိုင်ရှင်မှစွန့်လွှတ်သည့် Light Truck (RHD) အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၁၄၆၈၈)ကို  သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အလားတူ မေ ၂၄ ရက်တွင်  အကောက်ခွန်ဦးစီး ဌာန၏   စီမံခန့်ခွဲမှုဖြင့်   မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ   ဆောင်ရွက်ခဲ့ရာ  သွင်းကုန်ကြေညာလွှာ(ID)သက်တမ်းကျော်လွန်ပြီး   လာရောက်ထုတ်ယူခြင်း မရှိဘဲ    ပိုင်ရှင်မှစွန့်လွှတ်သည့်    မော်တော်ယာဉ် ၂၈ စီး  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၄၂၃၁၁၀၃၈၃)  ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့အတူ  မေ ၂၅ ရက်တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   တိုင်းဒေသကြီး   သစ်တောဦးစီးဌာန ဦးဆောင်သော  စစ်ဆေးရေးအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ပဲခူးမြို့နယ်အတွင်း    တရားမဝင် ကျွန်းခွဲသား ၀ ဒသမ ၅၈၁၀  တန်   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၃၄၆၀) ကို   ဖမ်းဆီးရမိခဲ့ပြီး   သစ်တော ဥပဒေနှင့်အညီ     အရေးယူဆောင်ရွက်လျက်ရှိ သည်။ 

 


သို့ဖြစ်ပါ၍   မေ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့ တွင် ဖမ်းဆီးရမိမှု စုစုပေါင်း  အမှုတွဲ  ၃၀ ၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၃၂၅၀၈၅၃၁) ဖြစ်ကြောင်း   တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။                   

 

သတင်းစဉ်