သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေး

 

နေပြည်တော်   ဩဂုတ်  ၆


သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်း တိုးတက် ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌    ကျင်းပပြုလုပ်ရာ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်     တက်ရောက် ဆွေးနွေးသည်။


ညှိနှိုင်းဆွေးနွေးပွဲသို့  စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စိုက်ပျိုး ရေး၊      မွေးမြူရေးနှင့်    ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်       တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့်    စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးနှင့် ပတ်သက်၍   သက်ဆိုင်ရာ   အစည်းအဝေးများနှင့် တွေ့ဆုံပွဲများတွင် မကြာခဏထည့်သွင်း ပြောကြား   လျက်ရှိကြောင်း၊မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည်       အဓိကကျကြောင်း၊  အဓိကကျသည့် ကုန်ထုတ်လုပ်မှုများ အားကောင်း လာစေရေးအတွက်  စိုက်ပျိုးရေးကို  အခြေခံသည့်   ကုန်ထုတ်လုပ်မှုများကို မဖြစ်မနေ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိက စိုက်ပျိုးသီးနှံများဖြစ်သည့်  စပါး၊ ပဲ၊ ဝါနှင့် ဆီထွက် သီးနှံများကို     တိုးတက်အောင်       စိုက်ပျိုးရမည် ဖြစ်ကြောင်း။


ဆီကြိတ်စက်များ၏အရည်အသွေး
ကောင်းမွန်ရန်လည်းလို
ဆီထွက်သီးနှံနှင့်ပတ်သက်၍ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် ဆီအုန်းများသည် မိမိတို့နိုင်ငံတွင် စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိသော်လည်း     စားသုံးဆီများကို ပြည်ပမှ  နှစ်စဉ်တင်သွင်းနေရကြောင်း၊  မြေပဲနှင့် နှမ်းများကို ဆီအဖြစ်စားသုံးခြင်း၊ ပို့ကုန်များအဖြစ် ပြည်ပသို့တင်ပို့ခြင်းနှင့် မိရိုးဖလာအစားအစာအဖြစ်  အသုံးပြုခြင်းများရှိကြောင်း၊    အထွက်နှုန်းများမှာ လည်း  ပန်းတိုင်ရည်မှန်းချက်အတိုင်း  ထွက်ရှိခြင်း မရှိသောကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များမှာ ပိုမိုများပြားလျက်ရှိနေကြောင်း၊ ဆီထုတ်လုပ်ရာတွင် လည်းဆီကြိတ်စက်များ၏ အရည်အသွေးကောင်းမွန် ရန်လည်း လိုအပ်ကြောင်း။


အလားတူ နေကြာသည်လည်း ဆီထွက်သီးနှံများ တွင် တွက်ခြေကိုက်သည့် ဆီထွက်သီးနှံတစ်ခုဖြစ် သဖြင့် ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး  မျိုး၊ မြေ၊ ရေ၊ နည်း စသည့်(၄) ချက်နှင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှုများ တိုးတက် စေရေး စိုက်ပျိုးတောင်သူများကို အားပေးဆောင်ရွက် သွားရန်လိုကြောင်း၊    နေကြာကို      အမှန်တကယ် တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ  အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးမှုများကို   တစ်နှစ်ထက်    တစ်နှစ် တိုးချဲ့စိုက်ပျိုးခြင်းနှင့်        သီးထပ်စိုက်ပျိုးခြင်းကို ဆောင်ရွက်သွားရန်လိုကြောင်း၊     နေကြာမျိုးများ ရရှိရေးအတွက်လည်း      ဆောင်ရွက်သွားရန်လို ကြောင်း၊  ဆီထွက်သီးနှံများ  ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းဆီ ဖူလုံမှုများ  တိုးတက်လာမည်ဖြစ်ကြောင်း၊  ဆီအုန်း စိုက်ပျိုးမှုနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့်  အထွက်နှုန်းများနည်းပါးလျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုမှထွက်ရှိသည့်   ဆီကြမ်းများကို    စက်မှု ကုန်ကြမ်းအဖြစ်သုံးစွဲလျက်ရှိပြီး    ဆီကြမ်းများမှ စားသုံးဆီချောထုတ်လုပ်နိုင်ရေး ဆွေးနွေးဆောင်ရွက် သွားရန်လိုကြောင်း၊   စိုက်ပျိုးရေးကို    တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုသည့် ပျားမွေးမြူရေး လုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်နိုင်မည် ဆိုပါက ပျားရည်ထုတ်လုပ်ရေးတွင်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။


ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍    မိမိတို့နိုင်ငံတွင်  ယခင်နှစ်က ဝါစိုက်ပျိုးဧက ၅ သိန်း ခန့်ရှိခဲ့သော်လည်း  အထွက်နှုန်းနည်းပါးခဲ့ကြောင်း၊ ဝါစိုက်ပျိုးမှုမှ ထွက်ရှိ သည့် ဝါမှ ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို) နှင့် ဝါစေ့ များ   ထွက်ရှိလာမည်ဖြစ်ပြီး  ဝါစေ့မှ  ဝါစေ့ဆီနှင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်ကြောင်း၊ ဝါဂွမ်းကို လည်း ချည်မျှင်ရှည်ဝါများဖြင့် အဆင့်မြင့်ချည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊       မိမိတို့နိုင်ငံသည် ဝါစိုက်ပျိုးသည့်      အဓိကနိုင်ငံများထဲတွင်    ပါဝင် ကြောင်း၊ ဝါစိုက်ပျိုးမှုသည် နိုင်ငံအတွက်ဝတ်ရေးကို  များစွာအထောက်အကူပြုစေကြောင်း၊      ဝါဂွမ်းမှ ချည်နှင့်ချည်ပိတ်များထုတ်လုပ်၍ ရောင်းချနိုင်မည် ဆိုပါက     ဝင်ငွေများပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ချည်ထုတ်လုပ်မှုများ တိုးတက်စေရေးအတွက် စက်မှု လုပ်ငန်းများဖြင့် တိုးတက်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိ သည့် ဝါဖြင့်ချည်များကို အရည်အသွေးကောင်းမွန် စွာဖြင့် ထုတ်လုပ်နိုင်ပါက ဝင်ငွေများ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း။


ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းတစ်ခုအဖြစ်  ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် တစ်ခေတ်ပြောင်းရန် လိုကြောင်း၊    ထိုသို့ဆောင်ရွက်ခြင်းဖြင့်     အလုပ် အကိုင်အခွင့်အလမ်းများလည်း       ပိုမိုရရှိလာမည် ဖြစ်ပြီး ဝင်ငွေများလည်း ပိုမိုတိုးတက်လာမည်ဖြစ် ကာ ဝါစိုက်တောင်သူများနှင့် ဝါနှင့်ပတ်သက်သည့်  လုပ်ငန်းများ    ဆောင်ရွက်နေသူများ၏      ဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊  ထို့ကြောင့် ဝါစိုက်ပျိုး မှုများကို ယခင်ကစိုက်ပျိုးခဲ့သည့် ဧက ၇ သိန်းခန့် ပြန်လည်စိုက်ပျိုးနိုင်ရေး      ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊  ထို့ကြောင့်  တက်ရောက်လာကြသူများ အနေဖြင့် ဝါစိုက်ပျိုးမှု တိုးတက်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း။


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများထုတ်ပေး
ဝါစေ့ဆီမှ ဆီထုတ်လုပ်ခြင်း၊ ဆီထွက်သီးနှံများမှ  ဆီထုတ်လုပ်ခြင်းလုပ်ငန်းများ    ဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်သည့်    ဆီများရရှိစေရေး အတွက် အရည်အသွေးကောင်းမွန်သည့် ဆီကြိတ် စက်များဖြင့် ကြိတ်ခွဲနိုင်ရေး ဆောင်ရွက်ပေးရန်လို  ကြောင်း၊   စိုက်ပျိုးရေး   ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စက်မှုလုပ်ငန်းများဖြင့် ဆောင် ရွက်နိုင်ရန်အတွက်    ငွေကြေးများလိုအပ်ကြောင်း၊ ယခင်ကလည်း မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေများထုတ်ပေးခဲ့ကြောင်း၊ လိုအပ်ချက် များရှိပါကလည်း  နိုင်ငံတော်မှ  ရန်ပုံငွေများထပ်မံ  ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊   ဆီထွက်သီးနှံနှင့်  ဝါစိုက်ပျိုးမှုများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့ နိုင်ငံအတွက်         များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။


နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်
စပါးနှင့်ပတ်သက်၍   ပန်းတိုင်အထွက်နှုန်းများ အတိုင်းထွက်ရှိရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်  စေရေးအတွက်    ဆောင်ရွက်သွားရန်လိုကြောင်း၊  နွေစပါး တိုးချဲ့စိုက်ပျိုးခြင်း၊ စပါးပြီး စပါးစိုက်ပျိုးခြင်း၊ စပါးပြီး အခြားသီးနှံစိုက်ပျိုးခြင်း၊ နွေစပါး ပြန်လည် စိုက်ပျိုးခြင်းများကို ဆောင်ရွက်ပြီး သီးထပ်စိုက်ပျိုး မှုများ တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊    သီးထပ်စွမ်းအားများ   တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက      နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး  လုပ်ငန်းများအောင်မြင်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊  နည်း  စသည့်နည်းလမ်း (၄) သွယ်ဖြင့်  စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းများအတိုင်း       ထွက်ရှိအောင်  ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းများကို   အောင်မြင်စွာဆောင် ရွက်နိုင်သည့်    ရေခံ၊     မြေခံကောင်းများရှိပြီးဖြစ် ကြောင်း၊ ထို့ကြောင့် ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိစေရေး တက်ရောက်လာကြသူများအားလုံးက ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း။
ဇီဝမြေဩဇာအဖြစ်အသုံးပြုနိုင်
မွေးမြူရေးနှင့်ပတ်သက်၍ စနစ်ကျသည့် မွေးမြူ ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊  ဒေသန္တရရှိနေသည့် နွား၊ ဝက်၊ ကြက်နှင့် ဆိတ်များကို မွေးမြူရာတွင်လည်း နည်းစနစ်တကျမွေးမြူမည် ဆိုပါက    အောင်မြင်ဖြစ်ထွန်းနိုင်သည်ကို    တွေ့ရ ကြောင်း၊  အလားတူ အထွက်ကောင်းမျိုးများကိုလည်း  မွေးမြူသွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ အတွက်လိုအပ်သည့် တိရစ္ဆာန်အစာများသည်လည်း  ဒေသတွင်း၌ ရရှိနိုင်သည်များရှိကြောင်း၊ စနစ်တကျ ဖြင့် လှောင်၍မွေးမြူသည့် မွေးမြူရေးလုပ်ငန်းများမှ ရရှိလာသည့်    စွန့်ပစ်ပစ္စည်းများကို    စိုက်ပျိုးရေး လုပ်ငန်းများတွင် ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင် ကြောင်း၊    စိုက်ပျိုးရေးနှင့်မွေးမြူရေးသည်    အပြန် အလှန်အကျိုးပြုသည့်    လုပ်ငန်းများဖြစ်ကြောင်း၊  ထို့ကြောင့်   မွေးမြူရေးလုပ်ငန်းများ  တိုးတက်ရေး နှင့် ပတ်သက်၍လည်း ဆွေးနွေးပြောကြားစေလို ကြောင်း ပြောကြားသည်။


အသီးသီးရှင်းလင်းဆွေးနွေး
ထို့နောက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် အရည်အသွေးမီ  ဝါဂွမ်းများရရှိရေး ဆောင်ရွက်သွားမည့် အစီအစဉ် များ၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးမည့် အစီ အစဉ်များ၊ နို့စားနွားမွေးမြူမှုနှင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်မှု     အခြေအနေများ၊   နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်  အခြေအနေများကိုလည်းကောင်း၊     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက    ဝါသီးနှံစိုက်ပျိုးရေးနှင့်    ပတ်သက်၍ တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက်  ဝါစိုက်ပျိုးရန် လျာထားမှုအပေါ်      သမဝါယမအသင်းများဖွဲ့စည်း ပြီးစီးမှုအခြေအနေများ၊  သွင်းအားစုများအတွက်  လိုအပ်သည့်ငွေကြေးများ ထောက်ပံ့ပေးထားမှုနှင့် စိုက်ပျိုးပြီးစီးမှု    အခြေအနေများ၊      ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမှုတိုးချဲ့ရေးတွင် လိုအပ်သည့်မျိုးနှင့် သွင်းအားစုများရရှိရေး လိုအပ်သည့်ထောက်ပံ့မှုများ ရရှိအောင် ဆောင်ရွက်ပေးထားမှုနှင့် သမဝါယမစနစ် ဖြင့် လုပ်ငန်းလည်ပတ်နိုင်ရေး ဆောင်ရွက်ပေးထားမှု  အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ တိုးတက် စေရေး သမဝါယမစနစ်နှင့် မြစိမ်းရောင်စနစ်တို့ဖြင့်  ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို လည်း ကောင်း၊  စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက  ဝါထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်ရှိ  ဝါကြိတ်၊  ချည်မျှင်၊  စက်ရက်ကန်း၊ အထည်အလိပ်၊ ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ၏  တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက်  ပျံ့နှံ့မှု အခြေအနေများ၊ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည် အလိပ်များ    ထုတ်လုပ်သည်အထိ      တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး Action Plan ဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲများ ဆောင် ရွက်ခဲ့မှုအခြေအနေများ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆီစက်လုပ်ငန်းများ မှတ်ပုံတင်ထားရှိမှုနှင့်  ကြိတ်ခွဲ ထုတ်လုပ်နိုင်မှုအခြေအနေများ၊  ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်  တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင် ရွက်မှုအခြေအနေများ၊  ပြည်တွင်းဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အသိပညာပေး  ဆွေးနွေးပွဲများ   ဆောင်ရွက်ခဲ့မှုနှင့်    ဖော်ထုတ်ရရှိခဲ့သည့်   ရလဒ်များကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဦးဝင်းရှိန်က   မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တောင်သူလယ်သမားများအတွက် စိုက်ပျိုး ထုတ်လုပ်မှုစရိတ် ချေးငွေများကို သီးနှံအမျိုးအစား အလိုက် သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ပေး ထားလျက်ရှိမှု၊   နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေများ ကို ခေါင်းစဉ်အလိုက် ထုတ်ပေးထားလျက်ရှိမှုတို့ကိုလည်းကောင်း  အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက်      တက်ရောက်လာကြသူများက ဝါနှင့်ပတ်သက်သည့် စက်မှုကုန်ထုတ်လုပ်ငန်းများဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံများနှင့် ဝါစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နို့စား နွားမွေးမြူမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက် ရေးဆိုင်ရာ  ကိစ္စရပ်များနှင့်ပတ်သက်၍  ရှင်းလင်း တင်ပြကြသည်။  

 
အားပေးဆောင်ရွက်
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးပြောကြားရာတွင်  တင်ပြချက်များအတိုင်း  စိုက်ပျိုးနိုင်ရေးအတွက်  အရင်းအနှီးနှင့်  စုပေါင်းပြီး ဆောင်ရွက်သည့်        စနစ်များ      လိုအပ်ကြောင်း၊ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းသည် အသင့် လျော်ဆုံးဖြစ်ကြောင်း၊ အစုအဖွဲ့များဖြင့် တစ်ဦးနှင့် တစ်ဦးအပြန်အလှန်ကူညီကာ  ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ အတူတကွ စုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုး ခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမ စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးပြီး ဆီထွက်သီးနှံများမှ    ထွက်ရှိလာသည့်    ဆီများကို ဒေသတွင်းအပြင်  အခြားပြင်ပ  တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း       ရောင်းချပေးနိုင်ရန်လို ကြောင်း၊    ထိုသို့ဆောင်ရွက်နိုင်ရေး     သမဝါယမ အသင်းအဖွဲ့များအချင်းချင်း  ချိတ်ဆက်ဆောင်ရွက် ထားရှိရန်လိုကြောင်း၊ ဆီစက်များနှင့် ပတ်သက်၍ လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီစက် နှင့်ကုန်ကြမ်းအချိုးညီမျှရန်လိုကြောင်း၊ လိုအပ်ပါက  အရည်အသွေးမြင့်သည့် စက်များရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊   စက်မှုဝန်ကြီး ဌာနသာမက ပုဂ္ဂလိကစက်ရုံများကိုလည်း အားပေး ဆောင်ရွက်ရန်လိုကြောင်း။


သမဝါယမစနစ်ဖြင့်အကောင်အထည်ဖော်
မွေးမြူရေးနှင့်ပတ်သက်၍ ဒေသန္တရမွေးမြူရေး ကို   စနစ်တကျဖြင့်  မွေးမြူနိုင်အောင်   ဦးစားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊  အဆိုပါမွေးမြူရေး လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် အကောင်အထည်  ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊     မွေးမြူရေး  လုပ်ငန်းများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေး ရန်လိုကြောင်း၊    ထွက်ရှိလာသည့်    ကုန်ကြမ်းများ အရည်အသွေး    ကောင်းမွန်စေရေးအတွက်လည်း စုပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊     ငွေကုန် ကြေးကျအနည်းဆုံးနှင့်    လုပ်ငန်းများ   အောင်မြင် အောင်    ဆောင်ရွက်သွားရန်လိုကြောင်း    ပြော ကြားသည်။
ဆက်လက်၍       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးခဲ့သည့်  သီးနှံတိုးချဲ့စိုက်ပျိုးရေး၊    ဆီထွက်သီးနှံနှင့်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက် ရေးတို့သည်  တိုင်းပြည်အတွက်   အရေးကြီးသည့် အချက်များပင်ဖြစ်ကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးရေး နှင့်ပတ်သက်၍လည်း အမျိုးသားရေးရည်မှန်းချက်  တစ်ခုအဖြစ်   သတ်မှတ်၍  ဆောင်ရွက်သွားရန်လို ကြောင်း၊ နို့ထွက်ပစ္စည်းလိုအပ်ချက်နှင့် ပတ်သက်၍  ပြည်တွင်းမှ     ထွက်ရှိသည့်နို့များကို     အဆင့်မြင့် နို့ထွက်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်မည်ဆိုပါက  ပြည်ပမှ  နို့ထွက်ပစ္စည်းများ   တင်သွင်းနေရမှုကို များစွာ  လျှော့ချနိုင်မည်ဖြစ်ကြောင်း၊  လိုအပ်သည့် ကုန်ကြမ်းများ ရရှိအောင်ဆောင်ရွက်ရာတွင်လည်း ဒေသန္တရရှိပြီးဖြစ်သည့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်း များ    တိုးမြှင့်အောင်   ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း၌   စားရေရိက္ခာများ  ပေါများလာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများကို တိုးတက် အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွက် အဓိကလိုအပ်သည့်      စားသုံးဆီနှင့်       ဝါစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက် သွားမည်ဆိုပါက အဆိုပါလုပ်ငန်းများနှင့် ဆက်စပ် လျက်ရှိသည့် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း များပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေး ဆောင်ရွက်ခဲ့သည်များမှ အရေးကြီးသည့် အချက် အလက်များကို  အောက်ခြေအဆင့်အထိရောက်သည် အထိ  အဆင့်ဆင့်အသိပေးဆောင်ရွက်သွားရန်လို ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်    မျိုးကောင်းမျိုးသန့်များ    ရရှိအောင် ဆောင်ရွက်ခြင်း၊   စနစ်တကျစိုက်ပျိုးခြင်း၊    မွေးမြူ ခြင်းများကို    ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယနေ့တွင် ဆွေးနွေးခဲ့သည့် ကဏ္ဍအလိုက်ဖော်ထုတ် ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်     ဦးစားပေးအနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်းဖြင့်     ပြောကြားပြီး အစည်းအဝေးကို    ညနေပိုင်းတွင်   ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်