
သီပေါ မေ ၂၃
ကမ္ဘာ့သာသနာပြု သီတဂူဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူအာယု ဆေးရုံများ၏ အဓိပတိရွှေကျင် နိကာယဥပဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ သဒ္ဒန္တဉာဏိဿရ အရှင်သူမြတ် ဩဝါဒကိုခံယူ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ မဟာ မြတ်မုနိဘုရားကြီး ကျောင်းတိုက် ပဓာနနာယကနှင့် သီတဂူ(သီပေါ) စက္ခုဒါနဆေးရုံ ကြီးကွပ်ကဲမှု တာဝန်ခံ ဆရာတော်ဘဒ္ဒန္တပညာ သီရိ ကြီးကြပ်မှုဖြင့် အခမဲ့မျက်စိ ခွဲစိတ်မှုလုပ်ငန်းများကို ၂၀၀၈ ခုနှစ် မတ်လမှ ၂၀၂၄ မေ ၁၆ ရက် အထိ (၅၃)ကြိမ်မြောက်အဖြစ် မျက်စိဝေဒနာရှင်ပေါင်း ၃၆၀၇၃ ဦးကို စမ်းသပ်၍ ၈၈၁၉ ဦးကို ခွဲစိတ်ကုသပေးကာ ကျန်လူနာ များကို မျက်မှန်၊ မျက်စဉ်း ဆေးရည်ဖြင့် ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သီတဂူ(သီပေါ) အခမဲ့ မျက်စိ ခွဲစိတ်မှုလုပ်ငန်းများ ကုသမှုအစီအစဉ် ပြီးမြောက်တိုင်း စာရင်းဇယားများနှင့် အခြေအနေ အရပ်ရပ်ကို သီတဂူဆရာတော် ကြီးထံသို့ သွားရောက်တင်ပြခဲ့ပြီး လာမည့် (၅၄)ကြိမ်မြောက် မျက်စိခွဲစိတ် ကုသမှုလုပ်ငန်း များကိုလည်း ဆောင်ရွက်ရန် သီပေါ သီတဂူတာဝန်ခံ ဆရာ တော်က ဩဝါဒခံယူခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)