သီရိလင်္ကာနိုင်ငံ၌ အသက် ၆၀ နှင့်အထက် အုပ်စုများကို တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

 

ကိုလံဘို   နိုဝင်ဘာ  ၁၈  


သီရိလင်္ကာနိုင်ငံတွင် ကျန်းမာရေး အာဏာပိုင်များက အသက် ၆၀ နှင့်အထက်   အသက်အုပ်စုများ ကို  တတိယအကြိမ်  ကိုဗစ်-၁၉ ကာကွယ်ဆေး   စတင်ထိုးနှံပေး နေပြီဖြစ်သည်။ 

 


အပိုဆောင်း    ကိုဗစ်-၁၉ ကာကွယ်ဆေး      ထိုးနှံခြင်းကို အနောက်ပိုင်းနှင့်    တောင်ပိုင်း ပြည်နယ်များနှင့် အနုယုဒ္ဓပူရနှင့် အမ်ပါရာပြည်နယ်များတွင် နိုဝင် ဘာ ၁၇ ရက်က စတင်ခဲ့သည်။ 

 


ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ် ဆေးကို   အပိုဆောင်းထိုးဆေး အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း မြေပြင်တွင်ကွင်းဆင်းဆောင်ရွက် နေသော  ဆရာဝန်များက  ပြော သည်။     မည်သည့်   ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်မဆို   ပထမ တစ်ကြိမ်နှင့်    ဒုတိယတစ်ကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု ပြုပြီးသည့်  ဖော်ပြပါ  အသက် အရွယ်အုပ်စုများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ကတ်ပြားများ နှင့်တကွ နီးစပ်ရာ ကာကွယ်ဆေး ထိုးစင်တာများသို့ လာရောက်ပြီး တတိယအကြိမ်    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း သိရသည်။ 

 


နိုင်ငံအတွင်း ပထမတစ်ကြိမ် နှင့်   ဒုတိယတစ်ကြိမ်  ထိုးပေး လိုက်သော ကိုဗစ်-၁၉ ကာကွယ် ဆေးများမှာ ဆီနိုဖမ်း၊ စပွတ်နစ်ဗွီ၊ မော်ဒါးနား၊ ဖိုက်ဇာနှင့် အက်စ် ထရာဇနီကာ ကာကွယ်ဆေးများ ဖြစ်သည်။ 

 


ပြည်သူများသည် ကာကွယ် ဆေးထိုးစင်တာများတွင် စောင့် ဆိုင်းနေစရာမလိုအပ်ဘဲ ဒစ်ဂျစ် တယ်မက်ဆေ့ချ်ဖြင့် ကာကွယ် ဆေးထိုးရမည့်အချိန်ကို ပေးပို့ပေး မည်ဖြစ်ကြောင်း သိရသည်။ 

 


တရားဝင် စာရင်းဇယားများ အရ သီရိလင်္ကာနိုင်ငံတွင် အသက် ၂၀ ကျော်အုပ်စုများ၏ ၉၃ ဒသမ ၅ ရာခိုင်နှုန်းသည်    ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။ 
သီရိလင်္ကာနိုင်ငံတွင် ကိုဗစ်-၁၉   အတည်ပြုလူနာ  ၅၅၂၀၀၀  ရှိပြီး သေဆုံးသူ   ၁၄၀၀၀  ရှိသည်။  

                     
ဆင်ဟွာ