
ကိုလံဘို ဒီဇင်ဘာ ၂၀
နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများအား ထိန်းချုပ်နိုင်ရန် သီရိလင်္ကာနိုင်ငံရှိ အများပြည်သူ ဆိုင်ရာနေရာများသို့ ဝင်ထွက်သွားလာမည့် နိုင်ငံတကာခရီးသည်များနှင့် ဒေသခံများသည် ဇန်နဝါရီ ၁ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးစီးကြောင်းလက်မှတ်အား ပြသရန် လိုအပ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားသည်။
လက်ရှိအချိန်တွင် နိုင်ငံအများအပြား၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်အား ကျယ်ပြန့်စွာအသုံးပြုနေပြီး မိမိ နိုင်ငံမှနိုင်ငံသားများသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးစည်းမျဉ်းများအား တိကျစွာလိုက်နာရန် အားနည်းနေခြင်းကြောင့် အထက်ပါအတိုင်း
ဆုံးဖြတ်ချက်ချမှတ်ရခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ကီဟီလီရာရမ်ဘူဝီလာက ပြောကြားသည်။ ယခုချမှတ်လိုက်သော ကိုဗစ် -၁၉ ရောဂါ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းအရ ပြည်သူများသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်အား မိမိတို့နှင့်အတူတကွ ယူဆောင်သွား ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြာသည်။
နိုင်ငံအတွင်းလက်ရှိအချိန်၌ အသက်၂၀ နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ သီရိလင်္ကာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်၌ Sinopharm၊ AstraZeneca၊ Pfizer၊ Moderna၊ Sputnik V. ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများကို အသုံးပြုထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-စိုးသူရ