သီရိလင်္ကာနိုင်ငံတွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်  ကာကွယ်ဆေးထိုးပြီး 


 

ကိုလံဘို စက်တင်ဘာ ၂၀ 


သီရိလင်္ကာနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ  ၁၇၀၀  ထပ်မံတွေ့ရှိပြီးနောက် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၅၀၄၄၉၁ ဦးအထိရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက   ထုတ်ပြန်သော  တရားဝင်စာရင်းဇယားများအရ သိရသည်။ 
ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို မလွန်ဆန်နိုင်ဘဲ သေဆုံးသူ ၁၂၁၂၅ ဦးရှိလာမှုနှင့်အတူ လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူ ၅၉၂၇၃ ဦးရှိကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံသည် ကိုဗစ်-၁၉ လျင်မြန်စွာ ကူးစက် ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရသည်။ မြို့တော်ကိုလံဘိုသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်လာပြီး ကူးစက်မြန်ပြင်းထန် ဗီဇပြောင်းဒယ်လ်တာကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများ    မကြာသေးမီလများအတွင်း  မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။ 
  နိုင်ငံအတွင်း  အသွားအလာကန့်သတ်  ထိန်းချုပ်စောင့်ကြည့်မိန့် ထုတ်ပြန်ထားပြီး  အဆိုပါအမိန့်ကို အောက်တိုဘာ ၁ ရက်တွင် ဖယ်ရှားပေးမည်ဖြစ်သည်။ 
သို့သော်လည်း   မရှိမဖြစ်လုပ်ဆောင်ရမည့်   ကိစ္စရပ်များ ဆောင်ရွက်ခြင်းကို ခွင့်ပြုပေးလျက်ရှိသည်။  နိုင်ငံအတွင်း   ကာကွယ် ဆေးထိုး လုပ်ငန်းများကိုလည်း အများအပြားဆောင်ရွက် လျက်ရှိပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်ကြောင်းသိရသည်။  
                                                                 ဆင်ဟွာ