
ကိုလံဘို ဩဂုတ် ၁၆
သီရိလင်္ကာနိုင်ငံ သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ သည် အစိုးရအဖွဲ့ဝန်ကြီးခုနစ်ဦးကို အသစ်ခန့်အပ် ကာ ၎င်း၏အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက် ကြောင်း သီရိလင်္ကာသမ္မတရုံးက ယနေ့တွင် ပြောကြား သည်။
အသစ်ခန့်အပ်လိုက်သည့် ဝန်ကြီးများသည် မြို့တော်ကိုလံဘိုရှိ သမ္မတရုံး၌ သမ္မတ ဂိုတာယာရာ ဂျာပက်ဆာ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်အရ ယခင်ကျန်းမာရေး ဝန်ကြီးဟောင်း ဝမ်နီယာရာချီအား သယ်ယူပို့ဆောင် ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ရမ်ဘူဝယ်လာအား ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဂျီအယ်လ် ပီရစ်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ဂူနာဝါဒီနာအား ပညာရေးဝန်ကြီးအဖြစ်လည်းကောင်း အသီးသီးခန့်အပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဂါမီနီလိုကူဂီအား စွမ်းအင်ဝန်ကြီးအဖြစ် လည်းကောင်း၊ အယ်လာဟာပီရူးမားအား ပြန်ကြား ရေးဝန်ကြီး အဖြစ်လည်းကောင်း၊ နာမယ်ရာဂျာပက်ဆာ အား လူငယ်နှင့် အားကစားဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံသည် လက်ရှိတွင် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ် လျင်မြန်စွာကူးစက်ပျံ့နှံ့နေမှု နှင့် ရင်ဆိုင်နေရသောကြောင့် ရမ်ဘူဝယ်လာက ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ကပ်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် နိုင်ငံသားအားလုံး၏ လူမှုရေး ဆိုင်ရာ စုပေါင်းတာဝန်ယူမှုလည်း လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးသစ်က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်