သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား International Award for Promotion of Buddhism ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကျင်းပ

 

ရန်ကုန်  မေ  ၃၁
နိုင်ငံတော်ဩဝါဒါစရိယ  ရွှေကျင် နိကာယသာသနာပိုင်   အဘိဓဇ မဟာရဋ္ဌဂုရု    သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား အိန္ဒိယသမ္မတနိုင်ငံက   ချီးမြှင့်​သော  International Award for Promotion of Buddhism  ဘွဲ့ တံဆိပ်  ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကို ယနေ့ ညနေပိုင်း တွင်   ရန်ကုန်မြို့  ပန်းဘဲတန်း မြို့နယ် ရွှေဘုံသာလမ်းရှိ  အိန္ဒိယ စင်တာ၌ ကျင်းပသည်။
အဆိုပါ      အခမ်းအနားသို့ သီတဂူဆရာတော်   ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ စစ်ကိုင်းတိုင်း ဒေသကြီး     အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ     ပညာရေးစင်တာ ကျောင်းတိုက်       ဆရာတော် ဦးသောဘိတ၊      ရခိုင်ပြည်နယ် အလိုတော်ပြည့်ဝိပဿနာ စင်တာ နှင့်   ကျောင်းတိုက်ဆရာတော် ဦးပညာဇောတနှင့်  ဆရာတော် သံဃာတော်များ၊   ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေး နှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးတင်ဦး လွင်၊    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်       ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး      ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ       အိန္ဒိယ သံအမတ်ကြီး   H.E.Mr.Abjay Thaku ၊  Indian  Council  for Cultural   Relations  (ICCR)မှ ညွှန်ကြားရေးမှူးချုပ်   H.E.Mr.Kumar Tuhin ၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ   ဒေါ်သန်း သန်းနု၊   မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များမှ ICCR သင်တန်း သား၊  သင်တန်းသူဟောင်းများ၊ မြန်မာနိုင်ငံရှိ    အိန္ဒိယနွယ်ဖွား ဗုဒ္ဓဘာသာဝင်များနှင့်   ဖိတ်ကြား ထားသော       ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ  အိန္ဒိယသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား  ပြောကြား သည်။
ထို့နောက် Swami  Vivekan-anda Cultural Center (SVCC) မှ ကျောင်းသား ကျောင်းသူလေး များက ရိုးရာယဉ်ကျေးမှုတေးဂီတ ဖြင့်   သီဆိုကပြဖျော်ဖြေကြပြီး သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှု နှင့်        အနုပညာတက္ကသိုလ် (ရန်ကုန်) မှ  ကျောင်းသူလေးများ က   ဆီမီးခွက်အကဖြင့်  ကပြ ဖျော်ဖြေကြသည်။
ယင်းနောက် Indian Council for Cultural Relations(ICCR)မှ ညွှန်ကြားရေးမှူးချုပ်  H.E.Mr.Kumar Tuhin က အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းက ဝမ်းမြောက်     မုဒိတာစကား  ပြောကြားသည်။
ထို့နောက်   ပြည်ထောင်စု ဝန်ကြီး       ဦးတင်ဦးလွင်က ဝမ်းမြောက်        မုဒိတာစကား ပြောကြားသည်။
ယင်းနောက်  သီတဂူဆရာ တော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းနှင့်    ဦးတင်ဦးလွင်၊ တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးစိုးသိန်း၊   ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊   မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် Indian Council for Cultural Relations (ICCR)မှ ညွှန်ကြားရေးမှူးချုပ်တို့ က ဆီမီးထွန်းညှိပူဇော်ကြသည်။
ထို့နောက် သီတဂူဆရာတော် ကြီး  ဒေါက်တာဘဒ္ဒန္တဉာဏိဿရ နှင့်  အခမ်းအနားသို့  ကြွရောက် တော်မူလာကြသော  ဆရာတော် သံဃာတော်များအား မြန်မာနိုင်ငံ ဆိုင်ရာ  အိန္ဒိယသံအမတ်ကြီးက သင်္ကန်းများ  ဆက်ကပ်လှူဒါန်း သည်။
ဆက်လက်၍  သီတဂူဆရာ တော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိ က ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံ  Indian  Council  for  Cultural Relations(ICCR)မှ ညွှန်ကြားရေး မှူးချုပ် H.E.Mr.Kumar Tuhin က  Conferring  International Award   for  Promotion  of Buddhism ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းသည်။
ယင်းနာက် သီတဂူဆရာတော် ကြီးက ဩဝါဒစကား မြွက်ကြား ပြီး    အခမ်းအနားကို   ရုပ်သိမ်း လိုက်သည်။
အိန္ဒိယနိုင်ငံ   ယဉ်ကျေးမှု ဆက်ဆံရေးကောင်စီသည်  ဗုဒ္ဓ ဘာသာ  ထွန်းကားရေးအတွက် ဆောင်ရွက်ကြသော   နိုင်ငံခြား တိုင်းပြည်များမှ  ပညာရှင်များ၊ တစ်သီးပုဂ္ဂလ   ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား အသိမှတ်ပြု ဂုဏ်ပြုခြင်းနှင့်    ဗုဒ္ဓဘာသာ ထွန်းကား   ပြန့်ပွားရေးအတွက် နိုင်ငံတကာဆုကို ၂၀၂၁ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။
ထိုဆုကို Otani University (Japan), Dr. Duong Thi Thanh Huong   (Vietnum)  နှင့်   Mr. Choijamts        Demberel (Mongolia)   တို့အား   ပေးအပ် ချီးမြှင့်ခဲ့သည်။ 
အိန္ဒိယနိုင်ငံနှင့်  မြန်မာနိုင်ငံ တို့သည် နှစ်ပေါင်းများစွာ နက်နက် ရှိုင်းရှိုင်း   အမြစ်တွယ်နေသော ဗုဒ္ဓဘာသာဆက်နွှယ်မှုကို မျှဝေ ခဲ့ကြပြီး ယဉ်ကျေးမှုပြန့်ပွားရေး အတွက်   ဆောင်ရွက်ခဲ့ကြသည်။
သီတဂူဆရာ​တော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ၏ ဘာသာသာ သနာထွန်းကားပြန့်ပွားရန် ကြိုး ပမ်းအားထုတ်မှုကို ပိုမိုအားကောင်း စေခဲ့ပြီး မတူကွဲပြားသော   လူမှု အသိုက်အဝန်းများကြား   သဟ ဇာတဖြစ်တည်မှုနှင့်  နားလည် သဘောပေါက်မှုတို့ကို   မြှင့်တင်ဆောင်ရွက်တော်မူနိုင်ခဲ့သည်။
သီတဂူ ဆရာ​တော်ကြီးအား ၂၀၂၃ ခုနှစ်တွင်   “ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေး ဆောင်ရွက် မှုအတွက်”       နိုင်ငံတကာဆုကို ဆက်ကပ်   လှူဒါန်းခြင်းဖြစ်ရာ ထိုဆုကို   ဆက်ကပ်လှူဒါန်းခြင်း သည် ဆရာ​တော်ကြီး၏ မြန်မာ နိုင်ငံတစ်ဝန်းလုံးနှင့်  ပြည်ပနိုင်ငံ များအထိ   ဗုဒ္ဓဘာသာနှင့် တရား ဒေသနာတော်များ   ပြန့်ပွားရေး အတွက်          ကိုယ်ကြိုးမဖက် အလေးထား    ဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ကြောင်း       သိရသည်။                  သတင်းစဉ်