သိန္နီမြို့နယ်၌ ငွေကျပ် သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၃၅ ဒသမ ၉၅ တန် ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်   ၃၀ 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၌ ငွေကျပ် သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သယ်ဆောင် လာသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်  ၃၅ ဒသမ ၉၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဇူလိုင် ၂၆ ရက်  ည ၇ နာရီတွင်  ရှမ်းပြည်နယ်  (မြောက် ပိုင်း)     သိန္နီမြို့နယ်  ချောင်းဆာ ကျေးရွာ     ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်းတွင်   မူဆယ်မှ   လားရှိုး ဘက်သို့  အောင်ကိုမင်း  မောင်းနှင် ပြီး   ဟိန်းမင်းဇော်  လိုက်ပါလာ သည့် NISSAN ၂၂ ဘီးတွဲကား မော်တော်ယာဉ်ကို    သတင်းအရ ရှာဖွေရာ  ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိ  တရားမဝင်သယ်ဆောင် လာသည့်  ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၃၅ ဒသမ ၉၅ တန်   သိမ်းဆည်းရမိကြောင်း၊ စစ်ဆေး     ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ     အမိုနီယမ်နိုက် ထရိတ်များကို     ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ    မန္တလေးတိုင်း ဒေသကြီးသို့    သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့်  ၎င်းတို့ အား  ဥပဒေအရအရေးယူထားပြီး ကွင်းဆက်   ပြစ်မှုကျူးလွန်သူများ ကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်